DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ကျောက်မျက်ပြပွဲ မလေးနှင့်တရုတ်နိုင်ငံသား ရာချီကြည့်ရှု
DVB
·
June 27, 2015
နေပြည်တော် ကျောက်မျက်ပြပွဲ မလေးနှင့်တရုတ်နိုင်ငံသား ရာချီကြည့်ရှု
Donate to DVB

ဇွန် ၂၆ ရက် နေပြည်တော်မှာ နှစ်စဉ်ကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲကို မလေးရှားနဲ့ တရုတ် ကျောက်မျက်ကုန်သည်တွေ ရာနဲ့ချီပြီး အုပ်စုလိုက်လာရောက်ကြည့်ရှုကြပါတယ်။

ဇွန် ၂၄ ရက်ကစတင်ပြီး ၁၃ ရက်ကြာ ကျင်းပမယ့် ပြပွဲမှာ ကျောက်စိမ်းနဲ့ တခြားအဖိုးတန် ကျောက်မြတ် ရတနာတွေကို ၀ယ်ယူဖို့ လာရောက် ကြည့်ရှုကြတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

ကျောက်စိမ်းအရိုင်းတုံးတွေ၊ တွင်းထွက်ကျောက်မျက်တွေ၊ လက်ဝတ်ရတနာတွေနဲ့ ပန်းပုလက်ရာတွေပြသထားတဲ့ ပြပွဲကို ပြည်တွင်း၊ ပြည်ပဧည့်သည် ၅၀၀၀ လောက်လာကြလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီဒု-ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက “ဟောင်ကောင်၊ မလေး ရှား၊ ထိုင်းနဲ့ တရုတ် နိုင်ငံတွေက ကုန်သည်တွေကို ဒီနှစ်ကျင်းပတဲ့ပြပွဲကိုလာရောက်ကြဖို့ ကျနော်တို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီနိုင်ငံတွေက ကျောက်မျက် ကုန်သည် ၂၀၀၀ ကျော်လာကြမယ်လို့မျှော်မှန်းထားပါတယ်။ အများစုကတော့ တရုတ်နိုင်ငံကပါ”လို့ အေအက်ဖ်ပီသတင်း ဌာနကိုပြောပါတယ်။

ကမ္ဘာ့ကျောက်စိမ်း မျိုးကွဲရင်းမြစ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ထွက်တာဖြစ်ပြီး အာရှဒေသမှာတော့ ကျောက်စိမ်းဟာ ၀ယ်လိုအားများတဲ့ကျောက်မျက်အမျိုးအစားဖြစ်ပါတယ်။

အထူးသဖြင့်တရုတ်နိုင်ငံဟာ ကျောက်စိမ်းကို ဆောင်ထားရင်ဘေးအန္တရာယ်ကင်းပြီး ကျန်းမာစေတယ်လို့ ယုံကြည်ကြတဲ့အတွက် ကျောက်စိမ်းဟာ ၀ယ်လိုအားများတဲ့ ကျောက်မျက်ဖြစ်နေတာပါ။

အရည်အသွေးမြင့် ကျောက်စိမ်းကို ရှာဖွေနေတဲ့ မန္တလေး ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးကျော်နိုင်က အရောင်းအ၀ယ်ဖြစ်ဖို့ ညှိနှိုင်းရတာ အနည်းငယ်ခက်တယ်လို့ဆိုပါတယ်။

“ပုံမှန် ကျနော်တို့တနေ့ကို အမျိုးအစား ၁၀ ခုလောက်ဈေးပြိုင်ပေးတယ်။ ကျနော်တို့ကံကောင်းရင်တော့ ကျနော်တို့ လိုချင်တဲ့ဈေးနဲ့ရမှာပေါ့”လို့ သူက ပြောပါတယ်။

အရပ်သားအစိုးရက သယံဇာတကြွယ်ဝတဲ့ တိုင်းပြည်ကို ပွင့်လင်းအောင် ဆောင်ရွက်ခဲ့ပေမယ့် ကျောက်စိမ်း အများစုကို တရားမ၀င် ကျောက်စိမ်းထုတ်လုပ်တဲ့နေရာနဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာကနေ ထုတ်ယူ ရောင်းချနေတာဖြစ်ပါတယ်။

အဖိုးတန်ကျောက်မျက် မှောင်ခို ရောင်းချမှုကရတဲ့ဝင်ငွေကို အတိအကျမသိရပေမယ့် အမြတ်အစွန်းများစွာ ရရှိနိုင်တယ်လို့ သတင်းကဆိုပါတယ်။

မနှစ်ကပြုလုပ်ခဲ့တဲ့ ကျောက်မျက်ပြပွဲကို ထိုင်း၊ တရုတ်၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံ တွေက ကုန်သည် ၄၀၀၀ ကျော်လာရောက်ခဲ့ပြီး ကျောက်မျက်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ ဘီလီ ယမ်ရရှိခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာက ရေးပါတယ်။

ဒီနှစ်မှာတော့ ကျောက်စိမ်းအတွဲပေါင်း ၈၉၄၃ နဲ့ ကျောက်မျက်ရတနာအမျိုးအစား ၃၂၃ မျိုးပြသသွားမယ်လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013