DVB Logo
Home
မြန်မာသတင်း
အစိုးရက အပစ်ရပ်ရေး ဆက်လုပ်မည်ဟုဆို
DVB
·
June 27, 2015
အစိုးရက အပစ်ရပ်ရေး ဆက်လုပ်မည်ဟုဆို
1 / 15
Donate to DVB

အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့နဲ့ အပစ်ရပ်ဆွေးနွေးဖို့ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ အသွင်ကူးပြောင်းရေး ကာလ နိုင်ငံရေးတည်ငြိမ်မှု ဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာတာဝန်ရှိသူတွေက ပြောခဲ့တာလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ အန်အယ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲ့ဒီအဆင့်မြင့်အဖွဲ့က အရင် တနှစ်ခွဲလုပ်ခဲ့တာတွေကို ပြန်ပြီးတော့ ကိုင်တွယ်မယ်၊ ကိုင်တွယ်ပြီးရင်လည်း အဲ့ဒါနောက်ဆုံးဖိုင်နယ်လို့ သူတို့လည်း အာမမခံဘူး၊ ဆိုတော့ လုပ်တာ မဖြစ်တော့ဘူးဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် အမ်ပီစီကတော့ ဆက်လက်ကြိုးပမ်းမယ်လို့ ပြောပါတယ်။ ကျနော်ထင်တာတော့ အမ်ပီစီက Plan B တို့ဘာတို့ ထုတ်လာမယ် ထင်တာပဲ။”

မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရ၀န်ကြီးတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့ အစည်းတွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေ တလတကြိမ် ပုံမှန်ပြုလုပ်တဲ့ စည်းဝေး ပွဲက ထွက်ပေါ်လာတဲ့သတင်း ဖြစ်ပါတယ်။

လတ်တလောမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တို့ကြား အပစ်ရပ်ဆွေးနွေးပွဲတွေ ဆက်ဖို့ မရေမရာ ဖြစ်နေတာပါ။

တိုင်းရင်းသားတို့ရဲ့ ဇွန်လဆန်း လော်ခီးလာညီလာခံက ထပ်မံဖွဲ့စည်းပေးလိုက်တဲ့ တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အစိုးရက အသိအမှတ်မပြုသေးတဲ့အတွက် နှစ်ဘက် ဆွေးနွေးပွဲတွေဆက်ဖို့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

မတ် ၃၁ ရက်မှာ နှစ်ဘက်သဘောတူလက်မှတ်ထိုးခဲ့တဲ့ အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်တချို့ကို လော်ခီးလာညီလာခံက ပြင်ဆင်ဖြည့်စွက် လုပ်ခဲ့ပြီး အဖွဲ့သစ်တခုကိုလည်း ထပ်ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လဆန်းပိုင်း ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ရှိပါတယ်။

ဓာတ်ပုံ - အမ်ပီစီ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013