DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အဆောက်အဦအတွက် ဘတ်သန်း ၅၀၀ စီပီကုမ္ပဏီ သုံးမည်
DVB
·
June 27, 2015
ရန်ကုန် အဆောက်အဦအတွက် ဘတ်သန်း ၅၀၀ စီပီကုမ္ပဏီ သုံးမည်
Donate to DVB

ချာရွန်ပေါ့ဖန်းအုပ်စု (စီပီ)ရဲ့ အိမ်ခြံမြေလုပ်ငန်းစုက ရန်ကုန်မှာ အဆောက်အဦတခုကို ရယူဖို့ အတွက် ဘတ် သန်း ၅၀၀ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

စီပီ စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ နရာဝါဒီ ၀ါရာဗန်နစ်ရှာက ရန်ကုန်မှာ လိုအပ်ချက်တွေ များလာတဲ့ ရုံးနေရာကြောင့် စီးပွားရေးမြို့တော်မှာ အခုလို လုပ်ဖို့ တွန်းအားပေးသလို ဖြစ်လာတယ်လို့ ပြောပါတယ်။

“ရန်ကုန်မှာတစ်လ ရုံးခန်းငှားရမ်းခက တစ်စတုရန်းမီတာကို ဘတ် ၂၄၀၀ လောက်မြင့် တက်နေတော့ ဒါဟာ ဘန်ကောက်က အမြင့်ဆုံးနံပါတ် ၁ အခန်းငှားရမ်းခထက် ၂ ဆလောက် ပိုနေပါတယ်။ ဒီတိုင်းသာဆိုရင် လာမယ့်ငါးနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်လိုက် ရတော့မလိုပါပဲ” လို့ သူက ပြောပါတယ်။

ဒေသခံအိမ်ပိုင်ရှင်ကနေ ၈ ထပ်တိုက်တလုံး ၀ယ်ယူဖို့ နားလည်မှု သ၀ဏ်လွှာကို စီပီက လတ်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။

ခွင့်ပြုဧရိယာ ၆၀၀၀ စတုရန်းမီတာပေါ်မှာ ဆောက်လုပ်ထားတဲ့ အရင် အစိုးရ အဆောက်အဦဟာ တလ ငှားရမ်းခ တစ်စတုရန်းမီတာကို အမေရိကန်ဒေါ်လာ ၆၀ ကနေ ၈၀ ကြားရှိနေခဲ့တာလို့ နရာဝါဒီ ၀ါရာဗန်နစ်ရှာက ဆိုပါတယ်။

စီပီအိမ်ခြံမြေလုပ်ငန်းစုဟာ အခုနှစ်မှာ အမြတ်ငွေ ဘတ် ၃ ဘီလီယမ်ရရှိနိုင်ဖို့ မျှော်မှန်း ထားပြီး လာမယ့်နှစ်မှာတော့ ဘတ် ၆ ဘီလီထိမျှော်မှန်းထားတယ်လို့သတင်းမှာဖော်ပြပါတယ်။

သူတို့ဟာ လာမယ့်နှစ်မှာလည်း ခရိုအေးရှားနိုင်ငံမှာ ဟိုတယ်လုပ်ငန်းမှာရင်းနှီးမြှုပ်နှံဖို့ ဘတ်ငွေ ၁ ဘီလီယမ် အသုံးပြုသွားဦးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013