DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၅ ခုတွင် ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေ
DVB
·
June 27, 2015
ပြည်နယ်တိုင်း ၅ ခုတွင် ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်နဲ့ တနင်္သာရီ စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ ရေကြီး ရေဖုံးလွှမ်းမှု အန္တရာယ် ကျရောက်နေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီကနေ့ မနက် ၆း၃၀ နာရီ အချိန် တိုင်းထွာချက်များအရ တပြည်လုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်သားဖွယ်ရာ မိုးရေချိန်များအဖြစ် ဖော်ပြထားရာမှာလည်း အမ်းမြို့မှာ ၁၃.၂၃ လက်မ၊ သံတွဲမြို့ ၉.၅၃ လက်မ၊ စစ်တွေမြို့မှာ ၇.၄၄ လက်မ၊ ကျောက်ဖြူမြို့မှာ ၇.၂၈ လက်မ၊ ဂွမြို့မှာ ၆.၈၅ လက်မ၊ မော်လမြိုင်မြို့မှာ ၄.၄၅ လက်မ၊ ဘားအံမြို့မှာ ၄.၂၁ လက်မ၊ ကျောက်တော်မြို့မှာ ၄.၁၃ လက်မ၊ ထားဝယ်မြို့မှာ ၃.၇၈ လက်မ၊ ပြည်မြို့မှာ ၃.၅၀ လက်မနဲ့ ရေးမြို့မှာ ၃.၃၅ လက်မတို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သဌာနဟာ မုတ်သုံလေအား အင်မတန်ကောင်းနေလို့ ပြည်နယ်တိုင်းတချို့မှာ ဒေသအလိုက်မိုးကြီးပြီး ရေကြီးနိုင်တယ်လို့ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013