DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမူဘောင်ရေးဆွဲရန် ယူအန်အေနှင့် ယူအန်အက်ဖ်စီ ဆွေးနွေး
DVB
·
June 26, 2015
Donate to DVB

တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တို့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးအတွက် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန် ၂၅ နဲ့ ၂၆ နှစ်ရက် ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲဆီသွားဖို့ နိုင်ငံရေးမူဘောင်နဲ့ပတ်သက်ပြီး လာရောက်ညှိနှိုင်းဆွေးနွေးကြတာလို့ ယူအန်အေအဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“နှစ်ဖွဲ့ပေါင်းပြီး ဆွဲတာ မဟုတ်ဘူး၊ နိုင်ငံရေးမူဘောင်က ညှိရမှာ၊ အားလုံးသဘောတူဖို့ လိုတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ စမယ်ဟေ့ဆိုရင် မူဘောင်က အားလုံးသဘောတူလက်ခံတဲ့ မူဘောင်ဖြစ်ဖို့ လိုတယ်။ အဲ့ဒီ မူဘောင်ရမှပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်မယ်၊ ဆိုတော့ အခု တတ်နိုင်သလောက် ကျနော်တို့ ညှိကြတာပါ။”
ယူအန်အက်ဖ်စီ ဒုဥက္ကဋ္ဌ နိုင်ဟံသာကတော့ ပြည်တွင်းက နိုင်ငံရေးပါတီတွေ ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်တွေကို သုံးသပ် ဆွေးနွေးဖြစ်ကြတယ်လို့ ပြောပါတယ်။

“ယူအန်အေက သူတို့ ပြင်ဆင်ထားတဲ့ နိုင်ငံရေးမူဘောင်ကို တင်ပြတယ်၊ ကျနော်တို့ဘက်ကတော့ ပြင်ဆင်မှု အတိအကျ မရှိသေးပါဘူး၊ အချက်တချို့လောက်ပဲ ရှိပါတယ်။ ဥပမာ နိုင်ငံရေးပါတီ ၅၆ ခုက ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်ကိုလည်း ပြန်သုံးသပ်တယ်။ တရားမျှတမှု အရှိဆုံးနဲ့ အဖြေမှန်ထွက်နိုင်တဲ့ အကောင်းဆုံး မှုဘောင် ရဖို့က အရေးကြီးတယ်။”

အခု အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ကမထကပြု ကျင်းပပြုလုပ်ပေးတာဖြစ်ပြီး ဆွေးနွေးပွဲကို နှစ်ဘက်ကိုယ်စားလှယ် ၂၅ ဦးလောက် တက်ရောက်ခဲ့ကြပါတယ်။

တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (ယူအန်အေ) အနေနဲ့ အလားတူ အလုပ်ရုံဆွေးနွေးပွဲတွေကို ပြည်တွင်းမှာ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးပြီး ပြည်ပမှာတော့ ဒီတကြိမ် ပထမဆုံးလုပ်တာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ် လက်မျတ်ထိုးအပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲရမှာဖြစ်လို့ ပြည်တွင်းပြည်ပ တိုင်းရင်းသားအဖွဲ့တွေ အခုလို ကြိုတင်ပြင်ဆင် ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013