DVB Logo
Home
မြန်မာသတင်း
ဟယ်ရီပေါ်တာ ဇာတ်ကားသစ် ပရိသတ်များ ကြည့်ရတော့မည်
DVB
·
June 26, 2015
ဟယ်ရီပေါ်တာ ဇာတ်ကားသစ် ပရိသတ်များ ကြည့်ရတော့မည်
Donate to DVB

လာမယ့်နှစ်မှာ လန်ဒန်မြို့ရဲ့ဖျော်ဖြေရေး ပြဇာတ်ရုံတွေရှိတဲ့ လန်ဒန် ၀က်စ်အန့်မှာ ဟယ်ရီပေါ်တာ ဇာတ်လမ်းချစ်သူတွေ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေ ပြန်လည် မြင်တွေ့ရမယ်လို့ ဒီဇာတ်လမ်းတွေကို ရေးသားတဲ့ စာရေးဆရာမ ဂျေကေ ရိုးလင်းက ပြောပါတယ်။

“Harry Potter and the Cursed Child”လို့ အမည်ပေးထားပြီး ဟယ်ရီပေါ်တာနှင့် ကျိန်စာသင့်ကလေးလို့ အဓိပ္ပာယ်ရတဲ့ ဒီဇာတ်ကားသစ်က ဟယ်ရီပေါ်တာရဲ့ မဖွင့်ဟသေးတဲ့ မှော်အစွမ်းကို ပြောပြမယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းအရသာပေါ့သွားမှာ ဖြစ်တဲ့အတွက် ဇာတ်လမ်းအကြောင်းကို မပြောတော့ဘူးလို့ ရိုးလင်းက ပြောပါတယ်။

ဒီဇာတ်လမ်းကတော့ မိတ်ဆက်ပုံပြင်မဟုတ်သလို ပဲလေ့စ် ပြဇာတ်ရုံမှာ ၂၀၁၆ နွေမှာ ပြသမှာ ဖြစ်ပြီး ဆောင်းရာသီအစမှာ လက်မှတ်တွေ ရောင်းချမှာ ဖြစ်ပါတယ်။

ဟယ်ရီပေါ်တာ စာအုပ်တွေ ထုတ်ဝေတဲ့ ၁၈ နှစ်ပြည်မြောက်တဲ့ ဇွန် ၂၆ ရက် အထူးနေ့မှာ ကြေညာတာလို့ ဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ ပထမဆုံးအနေနဲ့ “Harry Potter and the Philosopher's Stone” ဟယ်ရီပေါ်တာနဲ့ တွေးခေါ်ပညာရှင်ရဲ့ ကျောက်တုံး ဇာတ်လမ်းကို ရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ရိုလင်းဟာ ဟယ်ရီပေါ်တာ ၀တ္ထု ၇ အုပ်တိတိရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ၇ အုပ်မြောက်ကို ထုတ်ဝေခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ မေအထိ ဟယ်ရီပေါ်တာ ၀တ္ထု သန်း ၄၅၀ လောက် ရောင်းချခဲ့ရသလို ဘာသာပေါင်း ၇၃ ခုနဲ့ ပြန်ဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013