DVB Logo
Home
မြန်မာသတင်း
နေပြည်တော်-ရန်ကုန် ကားခဈေးတက်
DVB
·
April 7, 2026
ဘာဂသီရိကားဝင်းကို တွေ့ရစဥ်။ (Photos :  ဟိန်းမင်းသူ)
ဘာဂသီရိကားဝင်းကို တွေ့ရစဥ်။ (Photos :  ဟိန်းမင်းသူ)
Donate to DVB

စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်နဲ့ ရန်ကုန် ပြေးဆွဲနေတဲ့ ခရီသည်တင်ယာဉ်တွေ ယာဉ်စီးခ အဆမတန် ထိုးတက်သွားတာကြောင့် နေရပ်ပြန်မဲ့သူတွေ အခက်တွေ့ နေတယ်လို့ သိရပါတယ်။ 

နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေရဲ့ ပုံမှန်လက်မှတ်ခ ဈေးနှုန်းဟာ လူတယောက် ၁ ခုံ ကျပ် ၂,၅၀၀၀ ဖြစ်ပြီး မတ်လ ဒုတိယအပတ်မှာ လူတယောက် ၁ ခုံစာ ကျပ် ၃,၅၀၀၀ အထိ စတင်ဈေးတက်လာတာဖြစ်ပြီး ဧပြီလ ပထမအပတ်မှာ လူတယောက် ၁ ခုံ ကျပ် ၅၅,၀၀၀ အထိ အဆမတန်ဈေးထိုးတက်လာတာလို့ ဆိုပါတယ်။

နေပြည်တော်က ရန်ကုန်ပြန်မဲ့ ခရီသည်ဝန်ထမ်းတယောက်က “သင်္ကြန်ပိတ်လို့ နေရပ်ပြန်ရမှာ ကားခ မတတ်နိုင်လို့ မပြန်ဖြစ်တော့ဘူး။ ရထားနဲ့ပြန်ဖို့ကလည်း သွားစီးရမဲ့ဘူတာက ဝေးတယ်။ ဘူတာရှိတဲ့ဆီ သွားတာနဲ့ဆို ကားစရိတ်နဲ့ အတူတူပဲ။ မပြန်ဖို့ ဆုံးဖြတ်တဲ့သူတွေ မနည်းဘူး” လို့ ပြောပါတယ်။

နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ ပုံမှန်ဆီဖိုးကျပ် ၁၀ သိန်း အသုံးပြု မောင်းရတဲ့ လမ်းကြောင်းဟာ အခု ဆီဖိုး ကျပ် ၂၅ သိန်းနီးပါးအထိ ဝယ်ယူအသုံးပြု ပြေးဆွဲနေရပြီး စက်သုံးဆီ ဝယ်ယူမှုကို ခရီးသည်တင်ယာဉ်တွေပါ ကန့်သတ်ချက်တွေ ချမှတ်ထားတာကြောင့် လိုသလောက်မရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

နေပြည်တော်-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုက ယာဉ်မောင်းတယောက်က “ကားခ ဈေးတက်နေတာက စက်သုံးဆီဈေး ထိုးတက်နေတဲ့အတွက်ကြောင့်ပါ။ ဈေးတက်နေပေမဲ့လည်း ဆီက လိုသလောက် ရသလားဆိုတော့ မရဘူး။ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေနဲ့ ဝယ်ပြီး အလှည့်ကျ ပြေးဆွဲနေရတာ။ အခက်အခဲက ပြောမကုန်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင် နေပြည်တော်မှာ အလုပ်လုပ်နေတဲ့သူတွေ အများစုဟာ သင်္ကြန်ပိတ်ရက် ရန်ကုန်ကို ပြန်ကြရဖို့ရှိနေတာဖြစ်ပြီး လိုင်းကားစီးခ ဈေးတက်နေတဲ့အပြင် စင်းလုံးကားကို စုငှားပြန်ရဖို့အတွက်လည်း လိုင်းကား လူတယောက် စီးခနဲ့ ဈေးနှုန်း မကွာခြားတဲ့အတွက် အခက်အခဲရှိနေကြတာလို့ ခရီးသည်တွေက ဆိုပါတယ်။

နေပြည်တော်-ရန်ကုန် ခရီးသည်တင်ယာဉ်စီးခဈေးတွေ တက်လာပေမဲ့ စစ်ကောင်စီရဲ့ စုံ/မ ကန့်သတ်ချက်စနစ်ကြောင့် ခရီးသည်တင်ကားတွေပေါ် လိုက်ပါစီးသူတွေ များပြားနေတယ်လို့ ယာဉ်လိုင်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013