DVB Logo
Home
မြန်မာသတင်း
မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း တောင်းဆို
DVB
·
June 26, 2015
မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း တောင်းဆို
Donate to DVB

ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဇွန် ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာ ကျင်းပတဲ့ မြန်မာလူငယ်တွေအတွက် Bush Institute ရဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ် ဆင်းပွဲအခမ်းအနားမှာ မစ္စတာ ဘုရှ်က ပြောဆိုသွားတာပါ။

ဒီဖိုရမ်ကနေ မြန်မာလူငယ် ၁၈ ဦးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှု ဘာသာရပ်တွေကို စာတွေ့၊ လက်တွေ့ တနှစ်ကြာ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သမ္မတဟောင်းဘုရှ်နဲ့ ဇနီး လော်ရာဘုရှ်တို့ ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

11117669_1095755900438427_1578196081_nဒီအခမ်းအနားမှာ သင်တန်းသားတွေဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ဂျိမ်းစ် ခေါ် ကိုလင်းထက်နိုင်နဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ မတက်ရောက်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိပြီး ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြန်မာအစိုးရကို သမ္မတဟောင်း ဘုရှ်က တောင်းဆို သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013