DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် ကျားဖြူပါတီ အနိုင်ရရေး ကျားခေါင်းပါတီ ရွေးကောက်ပွဲဝင်မည်မဟုတ်
DVB
·
June 26, 2015
နမ့်ခမ်းတွင် ကျားဖြူပါတီ အနိုင်ရရေး ကျားခေါင်းပါတီ ရွေးကောက်ပွဲဝင်မည်မဟုတ်
Donate to DVB

လာမယ့် နိုဝင်ဘာလ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနေနဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အနိုင်ရရေးအတွက် ကျားခေါင်းပါတီ (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) က    ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးလို့ မြို့နယ် ကျားခေါင်းပါတီက ပြောပါတယ်။

တကယ်လို့ ရှမ်း ၂ ပါတီလုံး ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရှမ်းလူမျိုးတွေအနေနဲ့ ၂ ဖွဲ့ခွဲပြီး မဲပေးရမှာ ဖြစ်တဲ့အတွက် မဲအရေအတွက်နည်းသွားပြီး အင်အားကြီးပါတီကို ယှဉ်နိုင်မှာမဟုတ်ဘူးလို့ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ပါတီက ၀င်ပြိုင်ရင် နမ့်ခမ်းက ရှမ်းပြည်သူတွေ ၂ ဖွဲ့ကွဲသွားမယ်။ တဖွဲ့က ကျားဖြူဘက်ပါပြီး တဘက်က ကျားခေါင်းဘက်ပါမယ်။ အဲဒီအခါ တဘက်စီရဲ့ မဲအရေအတွက်လည်း နည်းသွားပြီး တခြားပါတီတွေကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ ကျနော့်အနေနဲ့လည်း ပါတီရေးထက် အမျိုးသားရေးကို ပိုဦးစားပေးသင့်တယ်လို့ မြင်ပါတယ်။  ရွေးကောက်ပွဲမ၀င်ရလို့ အခွင့်အရေး ဆုံးရှုံးတယ်လို့ မယူဆပါဘူး။ ကျနော်တို့ဆီမှာ လူမှုရေး၊ ဘာသာရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေကို ရှမ်း ၂ ပါတီလုံး လက်တွဲပြီး ဆောင်ရွက်နေတယ်။”

ဒီအကြောင်းကိုလည်း ကျားခေါင်းပါတီဌာနချုပ်က သိရှိ သဘောတူပြီး ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါပေမယ့် ကျားခေါင်းပါတီလိုလားသူ တချို့လည်းရှိနေပြီး ကျားခေါင်းပါတီ ရွေးကောက်ပွဲဝင်ဖို့ သွေးထိုးလှုံ့ဆော်တာတွေ ရှိနေတဲ့အတွက် ဇွန်လ ၂၄ ရက်နေ့ညက နမ့်ခမ်းမှာရှိတဲ့ လူငယ်အဖွဲ့ ၁၁ ဖွဲ့လုံး အစည်းအဝေးတရပ် ကျင်းပပြီး ကျားခေါင်းပါတီရဲ့ ရွေးကောက်ပွဲမ၀င်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း၊ ရှမ်းပြည်သူတွေကြား သွေးကွဲစေတဲ့ လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

နမ့်ခမ်းမြို့နယ်ထဲမှာ ကျားဖြူနဲ့ ကျားခေါင်း ရှမ်း ၂ ပါတီအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီတွေလည်း  ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013