DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်ရေး ရှုံးနိမ့်သွားသည့်အပေါ် လွှတ်တော်အမတ်များ၏ အမြင်များ
DVB
·
June 25, 2015
ဖွဲ့စည်းပုံပြင်ရေး ရှုံးနိမ့်သွားသည့်အပေါ် လွှတ်တော်အမတ်များ၏ အမြင်များ
1 / 5
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအ၀င် အရေးပါတဲ့ပုဒ်မတွေ ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ လိုအပ်တဲ့  ထောက်ခံမဲ အရေအတွက် မရဘဲ ရှုံးနိမ့်သွားပါတယ်။  ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်မှာ မဲခွဲရှုံးနိမ့်သွားတဲ့ အပေါ် လွှတ်တော်ကိုယ်စားအသီးသီးရဲ့ အမြင်သဘောထားတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဝင်းထိန် (လွှတ်တော်ကိုယ်စားလှယ်-အန်အယ်လ်ဒီပါတီ)

u win htein“ဒီလို ဖြစ်လာမယ်ဆို တာ ကျနော်တို့ မျှော်လင့် ထားပြီး သားပါ။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး ဟာ ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ အတွက်ကြောင့် လုပ်သင့်လုပ်ထိုက် တာတွေ လုပ်တယ်။ ပြောသင့်ပြော ထိုက်တာတွေ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ အနီးကပ် ကြီးကြပ်မှုပေးတဲ့ အခါကျတော့ ကျနော်တို့ လွှတ်တော်မှာ ပြောတဲ့စကားတွေက ပြည်သူလူထုဆီကို ပျံ့နှံ့ရောက်သွားတာ ဒါက အမြတ်ပေါ့။ မဲခွဲတဲ့အခါမှာ ရှုံးမှာကတော့ နဂိုကတည်းက မျှော်လင့်ပြီးသားဖြစ်လို့ ဆန်းတော့ မဆန်းဘူး။ ဒါပေမယ့် ဒါဟာ ဘာကို ပြသလဲဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေက ဒီမိုကရေစီလိုလားတယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေက ဒီမိုကရေစီ မလိုလားဘူး ဆိုတာ ပြည်သူလူထုက သိသွားမှာပါ၊ ဒါအမြတ်ပဲ။”

ဦးစောလှထွန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-ပြည်ခိုင်ဖြိုးပါတီ)

“ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီက အားလုံးထောက်ခံတယ်ဗျ။ ထောက်ခံတဲ့အတွက်ပဲ အဆိုတင်သွင်းခဲ့တယ်။ ဒီဥပဒေကြမ်းကို တင်ခဲ့တာပေါ့။ ဒီဥပဒေပုဒ်မ ၆ ခုကို တင်ခဲ့တာပေါ့။ တင်ခဲ့တဲ့အပေါ်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးသွားတဲ့အပေါ်မှာတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒီနေ့ တက်ရောက်ခွင့်ရှိတာက ၆၃၃ ယောက် ရှိတယ်။ ဒီနေ့က ၅၈၃ ရှိတယ်။ ၅၈၃ ဦးမှာ မဲပေးတာက ၅၅၆ ဦးနဲ့ ၅၉ (ဃ) ပဲ နိုင်တယ်။ ကျန်တဲ့ ၅၉ (စ) က ၃၇၁ မဲပဲရတယ်။ ဘာပဲပြောပြော ပြည်ခိုင်ဖြိုးက ဒီမဲအရေအတွက် ထောက်ခံပါတယ်ဆိုတဲ့ သဘောပါတာပေါ့။ မီဒီယာတွေကို လွတ်လွတ်လပ်လပ် လုပ်ပေးထားတယ်။ တဦးချင်း တဖွဲ့ချင်းကို ဘယ်လို မဲပေးတယ်၊ မဲပေးတဲ့အပေါ်မှာလည်း ပါတီတွေကလည်း ၀င်ရောက်စစ်ဆေး ကြည့်ရှုခွင့်ရှိတယ် ဆိုတဲ့ဟာနဲ့ ပွင့်လင်းမြင်သာအောင် လုပ်ထားတယ်။ ကိုယ်တဦးချင်းနဲ့ ကိုယ့်ပါတီကလွဲလို့ တပ်အပေါ်အမြင်မှာတော့ ကျနော်တို့ထက် ကျယ်ကျယ်ပြန့်ပြန့် သူတို့မှာလည်း မြင်တဲ့အမြင်တွေ ရှိမှာပေါ့။ အဲဒီအပေါ်မှာတော့ သူတို့ ပေးခြင်း မပေးခြင်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ် အဲဒီဟာကို သီးခြား သုံးသပ်စရာအကြောင်း မရှိပါဘူး။ ဒီမိုကရေစီနည်းကျကျ ဒီလိုမဲပေးပြီး ဒီလိုရလဒ်မျိုးထွက်လာတာကိုပဲ သီးခြား မှတ်ချက်ပေးစရာ မရှိပါဘူး။”

ဒေါ်နန်းဝါနု (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်-ကျားဖြူပါတီ)

Daw-Nang-Wah-Nu-2“ရှုံးတော့ရှုံးမယ်ပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းတော့ မျှော် လင့် ထားတယ်။ ကျမတို့ကတော့ စွန့်စားတဲ့လူတွေ နည်းနည်းပေါ်ပေါက် လာ ပါစေလို့လည်း ဆုတောင်းတာပေါ့။ စွန့်စားထားတဲ့ ပုဂ္ဂိုလ်တွေ ကျမတို့ တိုင်းပြည်အတွက်၊ ကျမတို့တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာပါစေလို့ အဲလိုမျိုးလည်း ဆုတောင်းတယ်။ မျှော်လည်း မျှော်မှန်းထားတာပေါ့နော်။ မဖြစ်နိုင်မှန်းသိပေမယ့်လည်း မျှော်လင့်ထားတာပေါ့။ ပြောရလို့ ရှိရင်တော့။ ဒါပေမယ့် တကယ်တမ်း မဲရှုံးတဲ့အချိန်မှာတော့ တော်တော်လေး ခံစားရပါတယ်။ ကျမတို့က ၃၄၆ (က) နဲ့ (ခ) ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် တံခါးပေါက် တချပ်လေ။ ဒီတံခါးပေါက်တချပ်ကို ဖွင့်ပေးနိုင်မယ်ဆိုတဲ့ အနေအထားကျမှ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့၊ ငြိမ်းချမ်းရေးတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ ဒါတွေကို အမှန်တကယ်ရလာနိုင်မှာ။ ဒါတွေကို ကျမတို့က ပြုပြင်ပေးနိုင်မှာပေါ့နော်။ ၄၃၆ (က) နဲ့ (ခ) ကို မအောင်မြင်ခြင်းအားဖြင့် ကျမတို့ မျှော်လင့်ထားတာတွေအကုန်လုံး ဆုံးရှုံးသွားတယ်။ ကျမတို့ လိုချင်တဲ့ ဖက်ဒရယ်မူဆိုတာ အခုအနေအထားနဲ့ကြည့်ရင် တော်တော်လေးကို အလှမ်းဝေး နေပြီဆိုတဲ့ အနေအထားလေးကို ခံစားရတာပေါ့နော်။ အဲဒီမှာ ကျမတို့အတွက် သူတို့က ဇယား ၁ - ၂ ကို ပြင်ဆင်ပေးထားတာတော့ရှိတယ်။ ဒါပေမယ့် သူတို့က ပြည်ထောင်စုက ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့အညီ ဆိုတာပါတယ်။ ပြည်ထောင်စုက ပြန်ပြီး ထိန်းချုပ်ထားတယ်ဆိုတဲ့ အနေအထားလေးပဲ ဖြစ်နေတယ်။ အမှန်က ဒီရဲ့ဇယား ၁ - ၂ ကိုတောင်မှ ဗဟိုချုပ်ကိုင်မှုစနစ် (Centralization) အဖြစ် ပီပီပြင်ပြင်မပေးနိုင်သေးတဲ့ အနေအထားမှာ ဒီ ၄၃၆ (က) ကလည်း ဆုံးရှုံးသွားတယ်။  (ခ) ဆိုလို့ရှိရင်လည်း ကျမတို့အတွက် ဘယ်လိုဖြစ်ဖြစ် ဇယား ၁-၂ ကိုတော့ ထောက်ခံမှာပါဆိုပြီး မျှော်လင့်ချက်ထားနေရတယ်ဆိုတဲ့ အပိုင်းပေါ့။ သူတို့ကမှ မထောက်ခံဘူးဆိုရင် ကျမတို့ အတွက်လည်း ဘယ်လိုမှ မဖြစ်လာနိုင်ဘူးဆိုတဲ့အနေအထား ရှိနေတယ်ပေါ့နော်။”

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်- ရခိုင်အမျိုးသားပါတီ)

U-PHAY-TAN-300x232“ပုဒ်မ ၆ ခုပေါ့နော်။  ၄၃၆ (က) အပိုင်းမှာ လွှတ်တော်က ပုဒ်မ ၆ ခုကို ပြင်ဆင်ပါတယ်။ အဲဒါကို ကျနော်တို့က ဟိုတနေ့ စစကတည်းက ၄၃၆ ကို တပ်က ဆက်ထားမယ် ဆိုပြီး ပြောထားတယ်။ မနေ့ကလည်း  ၅၉ (စ) ကို ဒီတိုင်းပဲထားမယ်ဆိုပြီး ပြောသွားတယ်။ ဒီနေ့လည်း  ၅၉ (ဃ) ကလွဲပြီးတော့ တခြားပုဒ်မတွေကိုလည်း သူတို့ အကုန်လုံး ကန့်ကွက်သွားတယ်။ အဲဒီ ကတည်းက သူတို့ရဲ့ရပ်တည်ချက်ကို သူတို့ ပွင့်ပွင့်လင်းလင်း ပြောပြီးသားဆိုတော့ ကျနော်တို့ကလည်း အဖြေကို အဲဒီကတည်းက သိပါတယ်။  ၅၉ (ဃ) တခုပဲ  ၇၅ ရာခိုင်နှုန်းအပေါ်မှာ  နိုင်တာမို့ သူ့ကိုတော့ ဆန္ဒခံယူပွဲ လုပ်ရဦးမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါလည်းပဲ ကျနော်တို့က စစ်ရေးအမြင်နဲ့ ကာကွယ်ရေးအမြင် ဆိုတာလည်း အတူတူပဲလို့ မြင်တယ်။ စကားလုံးအားဖြင့် နည်းနည်းဖြေလျှော့ပေးတယ်လို့ မြင်နိုင်ပေမယ့် ကာကွယ်တယ် ဆိုတာက တိုင်းပြည်ကိုပဲ ကာကွယ်ကာကွယ်၊ စစ်တပ်ကိုပဲ ကာကွယ်ကွယ်၊ လူထုကိုပဲ ကာကွယ်ကွယ် စစ်ရေးအမြင် မရှိလို့ကို မရဘူးဗျ။ ဒါအတူတူပါပဲ။ အဲဒီစကားလုံးအပေါ်မှာပဲ သူတို့ဒီဘက်ကို ဦးစားပေးလိုက်တဲ့သဘော ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့ကတော့ ဒီဟာကို လွှတ်တော်လမ်းကြောင်းထဲကတော့  ပြင်လို့မရဘူး။ ဘယ်သူတွေက ထောက်ခံတယ်။ ဘယ်သူတွေက ကန့်ကွက်တယ် ဆိုတာကို ပြည်သူတွေကို ပြောပြနိုင်တာကလွဲလို့ ကျနော်တို့ မျှော်မှန်းထားသလို ဖြစ်မလာဘဲ ဒီလွှတ်တော်အပိုင်းကို ဒီတင်ပဲပြီးလိုက်ရတာပေါ့ဗျာ။  ၅၉ (ဃ) ဆိုတာလည်း ဆန္ဒခံယူပွဲလုပ်ရဦးမယ် ဆိုတော့ကာ ပြည်သူတွေကလည်း သိပ်စိတ်ဝင်စားမယ် မထင်ပါဘူး။ တိုင်းပြည်အတွက် ငွေကုန်ကြေးကျ အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။ ဒီရလဒ်ပေါ်မှာ ပြည်သူတွေအတွက် စိတ်မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။”

ဦးဖုန်းမြင့်အောင် (ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

u-phone-myint-aung1“အဓိက ကျနော်တို့ အရင်တုန်းက တင်တာ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့ တလှေတည်း၊ တ၀မ်းတည်း၊ တစိတ်တည်းလို့ ထင်တာပေါ့ ဗျာ။ ပြည်ခိုင်ဖြိုး က ပြောရင် တပ်က လိုက်မယ် ထင်တာ။ ပြည်ခိုင်ဖြိုးက ပါဖော့မန့် ပြချင်နေတာ။ အဲဒီတော့ ၅၉ (စ) ကို ခပ်ပါးပါးပြင်ပြတာပေါ့ဗျာ။ ကျန်တဲ့ ၄၃၆ တို့ဘာတို့ ပြင်ပြတာပေါ့။ ပြင်ပြရင်း သူ့ပုံရိပ် တက်အောင်လုပ်တာ။ အဲဒီ ပုံရိပ်တက်အောင်လုပ်တာကို တပ်ဘက် လိုက်မလာတဲ့အခါကျတော့ အခုတော့ ထင်ရှားသွားတာပေါ့။ တပ်က ပြည်ခိုင်ဖြိုးဘက်ကလည်း မရှိဘူး။ သူတို့ သံသယရှိနေသ၍ကတော့ ဒါတွေကို သူတို့ ဆုပ်ထားတယ်ဆိုတာ ပေါ်သွားတာကိုး။ ဦးရွှေမန်းနောက်ကို တပ်ကိုယ်စားလှယ်တွေ မလိုက်တော့ဘူး။ အဲဒါ ထင်ထင်ရှားရှား ဖြစ်သွားပြီ။ သူတို့က တပ်ကို တော်တော်မျှော်လင့်နေတာပေါ့။ ပြည်ခိုင်ဖြိုး ပုံရိပ်ကောင်းအောင် လုပ်ပြမယ်ထင်တာ။ အခုကတော့ ပြည်ခိုင်ဖြိုးက လူတွေလည်း မျက်နှာမလှဖြစ်သွားတာပေါ့။ အခုတော့ တပ်ကလူတွေ ညီတယ်ဆိုတာလည်း ပေါ်သွားတာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013