DVB Logo
Home
မြန်မာသတင်း
ဖခင်က မူးယစ်တရားခံသားကို ရဲထံက လုယက်
DVB
·
June 24, 2015
ဖခင်က မူးယစ်တရားခံသားကို ရဲထံက လုယက်
Donate to DVB

လွန်ခဲ့တဲ့သီတင်းပတ်က ရှမ်းပြည်နယ်မှာ ရဲအချုပ်ကားပေါ်ကနေ မူးယစ်တရားခံကို လုယူသွားတာဟာ တရားခံရဲ့ ဖခင်ရဲ့ငွေပေးခိုင်းစေမှုကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။

ဒီလ ၁၅ ရက်နေ့က ရုံးထုတ်ကအပြန် လုယက်ခံရတဲ့ မူးယစ်တရားခံကို ဖမ်းဆီးရမိပြီဖြစ်ပေမယ့် ငွေပေးခိုင်းစေတဲ့ တရားခံရဲ့ဖခင်ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရွှေညောင်ရဲစခန်းက ပြောပါတယ်။

မူးယစ်တရားခံ  ခွန်နန်းကို ဇွန်လ ၂၀ ရက်နေ့မှာ  လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ ရွှေညောင်ရဲစခန်းက ရဲအုပ်မင်းတင် က ဒီဗွီဘီကို ပြောပါတယ်။

သူက “ကျနော်တို့ အေးသာယာမြို့ ကုန်းမို့ရွာအပိုင် ကျီးဖြူကန်နားက တောထဲမှာ ပုန်းနေတဲ့  အဓိက မူးယစ်တရားခံ ခွန်နန်းကို လက်နက်တွေနဲ့ အတူဖမ်းမိတယ်။ အဲဒီမတိုင်ခင် ၁၉ ရက်နေ့က သူ့ကိုအစားအစာတွေ သွားပို့ပေးနေတဲ့ ကုန်းမုံ့ရွာသူ မသိန်းမေနဲ့ ဆိုင်ကယ် ကယ်ရီလုပ်ပေးတဲ့ မောင်သန်းတို့ကို အရင်မိတယ်။ အဓိက နောက်က ကြိုးကိုင်တာက ခွန်နန်းရဲ့အဖေ ဦးတော်ပေါ့။ အဖမ်းခံထားရတဲ့ သူ့သားကို ပြန်ခေါ်ပေးမယ်ဆိုရင် ကျပ်သိန်း ၂၀၀ ပေးမယ်ဆိုလို့ လုပ်ကြတာ၊  ဆက်ပြီးတော့  ဦးတော်နဲ့ တရားခံကို လုသွားတဲ့ ပေါလုဆိုတဲ့လူကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်။”

ဒီအမှုမှာ ဖမ်းဆီးရမိသူ အားလုံး  ၆ ဦးရှိပြီး ကယားပြည်နယ် ဖယ်ခုံက ၂ ဦး၊ ဒီမောဆိုက ၂ ဦးနဲ့ အေးသာယာမြို့က ၂ ဦးဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးတော်နဲ့ ပေါလုတို့မှာလည်း ကယားပြည်နယ်ကပဲလို့  ရဲစခန်းက ပြောပါတယ်။

ဖမ်းဆီးရမိသူအားလုံးကို ‘အခြားသူကို ဥပဒေနှင့်အညိ ဖမ်းဆီးရန်ကြိုးစားစဉ်အနှောင့်အယှက်ပြုမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၅ နဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးနေကာ စစ်ဆေးမှုပြီးရင်တော့ နောက်ထပ် ငြိစွန်းနေတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုသွားမယ်လို့  သူက ဆက်ပြောပါတယ်။

ဒီဖြစ်ရပ် ဖြစ်ပွာပြီးတဲ့နောက် လုံခြုံရေးတွေ ပိုမိုကြပ်မတ်ထားတယ်လို့  စခန်းမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013