DVB Logo
Home
နိုင်ငံတကာ
လိင်ကိစ္စ စွပ်စွဲခံရသည့် ICC ရှေ့နေချုပ်ကို တာဝန်မှဆိုင်းငံ့
DVB
·
June 9, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမျိုးသမီးဝန်ထမ်းတယောက်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှု စွဲချက်နဲ့ ၁၈ လကြာ စုံစမ်းစစ်ဆေးခံနေရတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင်မ်ခန်းကို တာဝန်ကနေ ချက်ချင်းဆိုင်းငံ့လိုက်တယ်လို့ ICC ရဲ့ ရုံးတွင်းကြီးကြပ်ရေးအဖွဲ့က ဇွန် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ခန်းဟာ ICC အမျိုးသမီးဝန်ထမ်းတယောက်ကို ကာလရှည်ကြာ ထပ်တလဲလဲ နှောင့်ယှက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

သူဟာ အဲဒီအမျိုးသမီးရဲ့ သဘောတူညီချက် မပါဘဲ သူ့ရုံးခန်း၊ ကိုယ်ပိုင်နေအိမ်နဲ့ တာဝန်နဲ့ ခရီးသွားနေချိန်တွေမှာ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ AP သတင်းဌာနက ဖတ်ရှုခွင့်ရခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုစွပ်စွဲချက်တွေအတွက် “အချက်အလက်အခြေခံ” “factual basis” ကို တွေ့ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြန်လည်သုံးသပ်ခဲ့တဲ့ တရားသူကြီး ၃ ယောက်ရဲ့ ဒုတိယအစီရင်ခံစာမှာတော့ ဒီစွပ်စွဲချက်တွေ မှန်ကန်ကြောင်း ယုံမှားသံသယကင်းကင်းနဲ့ အတည်ပြုနိုင်ဖို့ သက်သေမလုံလောက်ဘူးလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းဖို့အတွက် သူဟာ ၂၀၂၅ ခုနှစ် မေလကတည်းက သူ့ဘာသာ တာဝန်က ယာယီရပ်နားပြီး ခွင့်ယူထားတာ ဖြစ်ပါတယ်။

ခန်းကတော့ သူ့မှာ အပြစ်မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အခုလို တာဝန်ကနေ ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီဘဲ အထောက်အထား မရှိဘူးလို့ ခန်းရဲ့ ရှေ့နေတွေက ပြောပါတယ်။

သူ့ကို ရှေ့နေချုပ်ရာထူးကနေ အပြီးတိုင် ဖယ်ရှားဖို့အတွက် ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံက လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက ရှေ့နေချုပ် ဖြစ်လာခဲ့တဲ့ ကာရင်မ်ခန်းဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ကို ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013