အစ္စရေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တပတ်အတွင်း ဟစ်ဇ်ဘိုလာ စစ်သွေးကြွ အယောက် ၃၅၀ ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၇ ရက်နေ့ အစိုးရအဖွဲ့ကိုပြောတဲ့ မိန့်ခွန်းထဲမှာ ပြောလိုက်ပါတယ်။
အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့မှာ လက်ဘနွန်မြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးက အကြမ်းဖက်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်လို့ နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်တို့က ပူးတွဲကြေညာချက်ထဲမှာ ပြောပါတယ်။
ဟဇ်ဘိုလာအဖွဲ့က အစ္စရေးနယ်မြေဆီ ပစ်ခတ်တာကို တုံ့ပြန်တာလို့လည်း ဆိုပါတယ်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး မူဘောင်ကို ဟစ်ဇ်ဘိုလာတွေက ရှုတ်ချခဲ့ပြီး လက်ဘနွန်ရဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီမူဘောင် အစီအစဉ်ဟာ ဟစ်ဇ်ဘိုလာက သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို ပြန်ရုပ်သိမ်းတဲ့အပေါ် မူတည်ပြီး နယ်စပ်နားမှာ လက်ဘနွန်စစ်တပ် ထိန်းချုပ်ထားတဲ့ လုံခြုံရေးဇုန်တွေကို တည်ထောင်မှာ ဖြစ်ပါတယ်။











