DVB Logo
Home
မြန်မာသတင်း
ဒေသတွင်း ၄ နိုင်ငံ ထိပ်သီးအစည်းအဝေး မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပ
DVB
·
June 22, 2015
ဒေသတွင်း ၄ နိုင်ငံ ထိပ်သီးအစည်းအဝေး မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပ
1 / 2
Donate to DVB

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်  CLMV အဖွဲ့ဝင် ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့  ဇွန်လ ၂၂ ရက်နေ့မနက်က နေပြည်တော်မှာ တွေ့ဆုံပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စတွေ  ညှိနှိုင်းဆွေးနွေးပါတယ်။

ဒီမနက် ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ၄ နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက  ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး

[caption id="attachment_99036" align="alignright" width="450"]ဓာတ်ပုံ - MOI ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (ဓာတ်ပုံ - MOI)[/caption]

၎ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ဆွေးနွေးဖို့ ရှိနေတဲ့ CLMV ထိပ်သီးအစည်းအဝေး အစီအစဉ်နဲ့  ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်မယ့် ပူးတွဲ ကြေညာချက် မူကြမ်းကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ CLMV ၄ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးနဲ့ ထိုင်းနိုင်ငံပါဝင်တဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ၅ နိုင်ငံ ထိပ်သီး အစည်းအဝေးတွေကို ဇွန်လ ၂၂ ရက်ကနေ ၂၃ ရက်အထိ နေပြည်တော်မှာ  အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတာပါ။

အလားတူ ထိုင်းနိုင်ငံပါဝင်တဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးအကြို ၅ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ညှိနှိုင်း အစည်းဝေးပွဲကိုလည်း ဒီကနေ့မနက်က နေပြည်တော်မှာ ကျင်းပပါတယ်။

ဒီအစည်းအဝေးမှာတော့ တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒု-၀န်ကြီးတွေက ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ဖို့ရှိတဲ့ နေပြည်တော် ကြေညာစာတမ်းနဲ့ ၂၀၁၆ ကနေ ၂၀၁၈ အထိ ဆောင်ရွက်ဖို့ရှိတဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိပ်သီးအစည်းအဝေးနဲ့အတူ အဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံက ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင် အသင်းတွေ ပါဝင်တဲ့ စီးပွားရေး ဖိုရမ်ကိုလည်း နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး  ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းတွေ အပါအ၀င် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013