အမေဇုန်တည်ထောင်သူ ဘီလျံနာ သူဌေးကြီး ဂျက်ဖ် ဘေးဇို့စ်ဟာ လီဗာပူးအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူဖို့ သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုဟာ ပေါင် ၁ ဒသမ ၃၅ ဘီလီယံလောက် တန်ဖိုးရှိပြီး အတည်ပြုချက်ရဖို့ နီးစပ်နေတာပါ။ ဒါဟာ လီဗာပူးအသင်းအတွက် အကြီးစား ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Daily Mail Sport သတင်းအရ ၃ ပတ်အလိုကတည်းက အဖွဲ့အစည်းတခုဟာ လီဗာပူးအသင်းရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းလောက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ပါတယ်။
အခုတော့ ဘီလျံနာ ဂျက်ဖ်ဘေးဇို့စ် ပါဝင်တဲ့ အဖွဲ့က ဒီရှယ်ယာတွေကို ဝယ်ယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။










