DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဗင်နီဇွဲလားတွင် ဆန္ဒပြ
DVB
·
June 21, 2015
နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဗင်နီဇွဲလားတွင် ဆန္ဒပြ
1 / 2
Donate to DVB

ဗင်နီဇွဲလားအစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့  အတိုက်အခံ ၄၀၀ လောက်က  မြို့တော် ကာရာကက်မြို့မှာ ဇွန် ၂၀ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် လီယိုပေါ်ဒို လိုပက်စ်ရဲ့ ဇနီး လီလီယံ တင်တော်ရီက သူ့ခင်ပွန်းနဲ့အတူ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ကျမ ရင်နာရတယ်။ နှလုံးနာရတယ်။ ကျမတို့ ခေါင်းဆောင်၊ ကျမရဲ့ အိမ်ထောင်ဦးစီး၊ ကျမ သားသမီးတွေရဲ့ ခေါင်းဆောင်ဟာ နေ့စဉ်နဲ့ အမျှ အားနည်းနေတယ်။ ဒါပေမယ့် အစိုးရက ဘာမှ လုပ်မပေးဘဲ  ဒီအတိုင်း ပစ်ထားတယ်။”

အတိုက်အခံ ခေါင်းဆောင် လိုပက်စ်ဟာ အသက် ၄၄ နှစ်အရွယ်ဖြစ်ပြီး အစာငတ်ခံ ဆန္ဒပြနေတာ ၂၇ ရက်ရှိပါပြီ၊ သူ့ကို မနှစ်က အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးထောင်ချထားတာ ဖြစ်ပါတယ်။

လက်ရှိ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုဟာ ကွယ်လွန်သွားတဲ့ ပြည်သူ့အချစ်တော် သမ္မတ ဟူဂိုချာဗက် နေရာကို ၂၀၁၃ ခုနှစ်မှာ  ဆက်ခံခဲ့ပေမယ့် သူ့အပေါ် လူထုထောက်ခံမှုကတော့ သိသိသာသာ ကျဆင်းနေပါတယ်။

မနှစ်က သူ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေအတွင်း အစိုးရကို ထောက်ခံသူတွေဘက်နဲ့ အတိုက်အခံတွေဘက်က လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

[caption id="attachment_98916" align="aligncenter" width="450"]afp-8366c1d11850f518ede3472c73ad72ce26829da2 ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013