DVB Logo
Home
မြန်မာသတင်း
မီဒီယာသမားများကို ဖမ်းဆီးအရေးယူမှု ဆက်ရှိနေဟု ဝေဖန်
DVB
·
June 21, 2015
မီဒီယာသမားများကို ဖမ်းဆီးအရေးယူမှု ဆက်ရှိနေဟု ဝေဖန်
Donate to DVB

သတင်းမီဒီယာနည်းဥပဒေထုတ်ပြန်ပြီး ဖြစ်ပေမယ့် လွတ်လပ်စွာသတင်းယူခွင့် မရှိသေးတဲ့အပြင် မီဒီယာသမားတွေကို ဖမ်းဆီးအရေးယူမူတွေ ရှိနေသေးတယ်လို့ မီဒီယာသမားတွေနဲ့ လွှတ်တော်အမတ်တွေက ဝေဖန်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကနေ ဇွန်လ ၁၇ ရက်နေ့က သတင်းမီဒီယာနည်းဥပဒေထုတ်ပြန်ခဲ့ပေမယ့် လက်ရှိသတင်းမီဒီယာသမားတွေအပေါ် တရာဆွဲဆိုမှုတွေ ရှိနေတဲ့အပေါ်ပြောကြားလိုက်တာပါ။

သတင်းမီဒီယာနည်းဥပဒေမှာ သတင်းမီဒီယာကောင်စီဖွဲ့ဖို့ကိုသာ အဓိကဖော်ပြထားပြီး အခန်း ၁၀ သတင်းအချက်အလက် စိစစ်ရေးသားဖော်ပြခြင်းအခန်းမှာ သတင်းရယူရာမှာ ဥပဒေပါတာဝန်နဲ့ ကျင့်ဝတ်တွေ ဖော်ဖျက်ခြင်း မရှိရဆိုတဲ့ အခန်းအပေါ် မီဒီယာသမားတွေက ဝေဖန်မှု ရှိပါတယ်။

သတင်း မီဒီယာသမားတွေကို တရားစွဲဆိုထောင်ချတာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဖြေလျှော့ပေးဖို့ တင်ပြခဲ့ပေမယ့် ဆက်ပြီး တရားစွဲဆိုတာတွေ ရှိနေတာဟာ အစိုးရက မီဒီယာကို ဖိနှိပ်တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က သုံးသပ်ပါတယ်။

သတင်းမီဒီယာဥပဒေအရ သတင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိလာရင် ညှိနှိုင်းဖြေရှင်းဖို့လိုပြီး
ညှိနှိုင်းလို့မရမှသာ တရားဥပဒေအရ ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဒုဥက္ကဋ္ဌ ဖိုးသောကြာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ဧပြီ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိက သတင်းစာ ဂျာနယ်တွေကို လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုခဲ့ပေမယ့်လည်း ယူနတီဂျာနယ်နဲ့ မွန်းတည့်နေဂျာနယ်က သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပြင် လက်ရှိမှာလည်း တရားစွဲဆိုခံနေရတဲ့ သတင်းလောကသားတွေ ရှိနေပါတယ်။

လတ်တလောမှာလည်း အလဲဗန်းဂျနယ်က အယ်ဒီတာ ၁၇ ဦး ကို ပြန်ကြားရေးဝန်ကြီးဌာနက အမှုဖွင့်တရားစွဲဆိုထားပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013