
ပြီးခဲ့တဲ့ စနေနေ့က ပဲလေ့စ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မိုဟာမက်ဆလာဟာ ရာသီမကုန်ခင် အသင်း အတွက် ပြန်လည်ကစားပေးနိုင်မယ်လို့ လီဗာပူးဘက်က အတည်ပြုလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆာလာဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ အခု ဒဏ်ရာကြောင့် သူ့ရဲ့နောက်ဆုံးပွဲစဉ် ဖြစ်သွားမှာကို စိုးရိမ်ခဲ့ကြတာပါ။
ဒါပေမဲ့ ဆေးစစ်ချက်အရ ဒဏ်ရာဟာ အနည်းငယ်သာဖြစ်လို့ မေ ၂၄ ရက်မှာကစားမဲ့ ဘရန့်ဖို့ဒ်နဲ့ ရာသီပိတ်ပွဲစဉ်မှာ သူ ပြန်ပါဝင်နိုင်ခြေ ရှိပါတယ်။
ဆာလာဟာ လီဗာပူးအတွက် ၉ နှစ်တာအတွင်း ဂိုးပေါင်း ၂၅၇ ဂိုးအထိ သွင်းယူပေးထားတဲ့ ဂန္ထဝင် ကစားသမားဖြစ်လို့ အိမ်ကွင်းမှာ ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လာမဲ့ ကမ္ဘာ့ဖလားမှာလည်း အီဂျစ်အသင်းကို ဆက်လက်ဦးဆောင်နိုင်ဖို့ ရှိနေပါတယ်။
Photo:Reuters










