DVB Logo
Home
မြန်မာသတင်း
လေးပွင့်ဆိုင်ကတိက၀တ် ဖောက်ဖျက်မှုကြောင့် ကျောင်းသားသပိတ်ပြန်စမည်
DVB
·
June 21, 2015
လေးပွင့်ဆိုင်ကတိက၀တ် ဖောက်ဖျက်မှုကြောင့် ကျောင်းသားသပိတ်ပြန်စမည်
Donate to DVB

အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေမှာ လေးပွင့်ဆိုင် ကတိက၀တ်တွေကိုဖောက်ဖျတ်ပြီး အတည်ပြုလိုက်တဲ့အတွက် ရပ်နားထားတဲ့ သပိတ်စစ်ကြောင်းတွေ ပြန်လည်စတင်ဖို့ရှိတယ်လို့ ဒီမိုကရေစီပညာ ရေးဦးဆောင် ကော်တီအဖွဲ့ဝင်တဦးကပြောပါတယ်။

လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ကျောင်းသားတွေ တောင်းဆိုခဲ့တဲ့အချက် ၁၁ ချက်ကို သဘောတူခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ အဲဒီဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာတော့ ကျောင်းသားတွေကို ကတိပြုခဲ့တုန်းက အချက်တွေမပါလာခဲ့ပါဘူး။

ဒါကြောင့်  ရပ်နားထားတဲ့ သပိတ်စစ်ကြောင်းတွေ ပြန်စမယ်လို့ ဒီမိုကရေစီပညာရေးဦးဆောင် ကော်တီအဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့က ခ၀ဲခြံမျက်မမြင် ကျောင်းမှာပြုလုပ်တဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ညီလာခံနောက်ဆုံးနေ့ သတင်းစာရှင်း လင်းပွဲမှာ အခုလိုပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ တက်ရောက်လာတဲ့သူတွေက အခုအတည်ပြုလိုက်တဲ့ အ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေဟာ အစိုးရကပေးထားတဲ့ ကတိက၀တ်တွေကို ဖောက်ဖြတ်ပြီး အတည်ပြုခဲ့တဲ့အတွက် ဒါကိုဖိအားပေးဖို့  အရပ်ဘက်လူအဖွဲ့စည်းတွေရဲ့ အားတွေကိုလည်း ယူမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အနေနဲ့လည်း အခုပြန်ပြင်တဲ့ ဥပဒကြမ်းဟာ လေးပွင့်ဆိုင်တွေ့ဆုံပွဲတုန်းက ကတိပြုခဲ့တဲ့အချက်တွေနဲ့ ကွဲလွဲတဲ့ အချက်တစ်ချက်ချင်းဆီကို နိုင်ငံတော် သမ္မတထံ  ပေးပို့သွားမှာပါ။ဒါ့အပြင် ဖမ်းဆီးခံကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဇွန်လ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အဲဒီဥပဒေကို ပြန်ပြင်တဲ့ဥပဒေကြမ်းကို ပြင်ဆင်ချက် (၅၁) ချက်နဲ့ အတည်ပြုလိုက်တဲ့အပြင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဆိုတဲ့ စကားရပ်ကိုလည်း ကျာင်းသားကိုယ်စား လှယ်ဆိုတဲ့စကားရပ်နဲ့ ပြောင်းလဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။

သတင်း- အောင်သူ

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013