DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်အဖွဲ့ သိမ်းဆည်းမြေ လားရှိုးဒေသခံများ ပြန်လည်ရယူလို
DVB
·
June 21, 2015
ပြည်သူ့စစ်အဖွဲ့ သိမ်းဆည်းမြေ လားရှိုးဒေသခံများ ပြန်လည်ရယူလို
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကုန်းပေါင်းနဲ့ နားကျိုင်းကျေးရွာတွေမှာ မန်ပန် ပြည်သူ့စစ်အဖွဲ့ကနေ သိမ်းယူထားတဲ့ တောင်ယာခြံမြေတွေကို ပြန်လိုချင်တယ်လို့ သိမ်းဆည်းခံတောင်သူတွေက ပြောပါတယ်။

ဒီမြေတွေဟာ နမ့်ပေါင်-နောင်လိုင် ကားလမ်းဘေးမှာရှိပြီး လက်ရှိမှာတော့ ရာဘာတွေ စိုက်ထားပါတယ်။

ဧက ၅၀၀ ကျော်ရှိတဲ့ ဒီမြေတွေကို မန်ပန် ပြည်သူ့စစ်အဖွဲ့ကနေ ၂၀၀၆ ခုနှစ်မှာ အဓမ္မ သိမ်းယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“လျော်ကြေးဆိုပြီးတော့ ၁ ဧကကို ၃ သောင်းနှုန်း သတ်မှတ်ပြီး ရွာသူကြီးနဲ့ အဖွဲ့ဝင်တွေဆီကို ပေးခဲ့တယ်။ ယူယူမယူယူ ဆိုပြီးပေးတာပါ” လို့ တောင်သူတွေရဲ့ ကိုယ်စားလှယ် ဦးစိုင်းကံညွန့်က ပြောပါတယ်။

အဲဒီကာလတွေက တောင်သူတွေရဲ့ အကြောက်တရားတွေကြောင့် ဘယ်သူ့ကိုမှ မတိုင်ရဲခဲ့ကြပါဘူး။

လက်ရှိအခြေအနေမှာတော့ သိမ်ဆည်းမြေယာတွေကို ပြန်ပေးလာတာတွေ ရှိနေတဲ့ အတွက် ဒုတိယသမ္မတ အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးဆီကို ဒီရက်ပိုင်းမှာပဲ စာရေးသားပေးပို့ဖို့ ရှိနေပါတယ်။

unnamedမြန်မာတနိုင်ငံလုံးမှာ တပ်မတော်နဲ့ ဌာနဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ မြေဧကပေါင်း သိန်းချီရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013