မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၂ ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ အရေးနိမ့်ကာ ကာရာဘောင်ဖလား ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
မန်ယူအတွက် ပထမပိုင်းမှာ ရှီး လေစီနဲ့ မေဆင်မောင့် တို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပေမဲ့ ဘရိုက်တန်ဘက်က ကိုစတူးလက်စ်၊ ပါစကယ်ဂရော့စ်နဲ့ ဒီကူပါတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းခဲ့တာပါ။
မန်ယူဟာ အိုးထရက်ဖို့ဒ်မှာ ၂ ဂိုး ဦးဆောင်ပြီးမှ ပြန်ရှုံးနိမ့်ခဲ့တာဟာ ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးလည်း ဖြစ်ခဲ့ပါတယ်။
နည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ယူအသင်းဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့သလို ၁၅ နှစ်အရွယ် အကယ်ဒမီကြယ်ပွင့် ဂျေဂျေ ဂေဘရီယယ် အသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ဖိအားတွေ ကြုံတွေ့နေရပါတယ်။











