DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်တွင် ရေသန့်စက်ရုံတိုးချဲ့ရေး တရုတ်တိုင်ပေက ကူညီမည်
DVB
·
June 20, 2015
ဒလမြို့နယ်တွင် ရေသန့်စက်ရုံတိုးချဲ့ရေး တရုတ်တိုင်ပေက ကူညီမည်
Donate to DVB

တရုတ်တိုင်ပေ စက်မှုနည်းပညာသုတေသနအဖွဲ့ (ITRI) ဟာ ဒလ မြို့နယ်မှာ ဒေသခံပြည်သူတွေ ရေသန့်ရရှိရေးအတွက် ရေသန့်စက်ရုံတရုံ တိုးချဲ့ဆောက်လုပ်သွားမယ်လို့ Focus Taiwan News Channel စာမျက်နှာမှာ ဖော်ပြပါတယ်။

အဲဒီရေသန့်စက်ရုံကို ထပ်မံတိုးချဲ့လိုက်ခြင်းဖြင့် ရေပြတ်လပ်ရှားပါးမှုဖြစ်နေတဲ့ ဒလမြို့နယ်က ဒေသခံပြည်သူ ၇၅၀၀ လောက်ကို နေ့စဉ် ရေပေးဝေနိုင်မယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

လက်ရှိ ဒလမြို့နယ်မှာ အသုံးပြုနေတဲ့ ရေသန့်စင်စက်ကို စက်မှုနည်းပညာ သုတေသနအဖွဲ့ (ITRI) က ၂၀၁၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး နေ့စဉ် ဒေသခံလူဦးရေ ၇၀၀ ကနေ ၁၀၀၀ ကြားကို ရေသန့်ထောက်ပံ့ပေးနေပါတယ်။

ဒလမြို့နယ်တွင်း အခြား ရေသန့်ထောက်ပံ့ရရှိတဲ တခုတည်းသော နေရာက  အများနဲ့ဆိုင်တဲ့ ရေကန်ဖြစ်ပြီး ခြေလျင်ခရီးနဲ့ဆိုရင် နာရီဝက်လောက်ကြာတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

အဲဒီနေရာက ရေကိုရယူဖို့ ညနေတိုင်း အမျိုးသမီးတွေနဲ့ကလေးတွေဟာ ရေပုံးကိုယ်စီနဲ့သွားရောက်နေရပြီး သူတို့အိမ်တွေဆီရောက်နိုင်မယ့် ရေပိုက်သွယ်တန်းမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

ဒလမြို့နယ်ဟာ ရေသွင်းစိုက်ပျိုးစနစ်အတွက် လုံလောက်တဲ့ ရေပမာဏရရှိပေမယ့် သန့်ရှင်းတဲ့ သောက်သုံးရေပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒီဒေသဟာ ဧရာဝတီမြစ်ရဲ့ ရေကြီးရေလျှံတဲ့ ဒေသတွေနဲ့ နီးနီးကပ်ကပ်တည်ရှိနေတယ်လို့ ITRI အဖွဲ့က ဆိုပါတယ်။

ဒလဒေသခံတွေဟာ ရေသန့်အတွက် မိုးတွင်းကာလမှာ စုဆောင်းထားရတာဖြစ်ပြီး နေ့စဉ်သုံးမယ့်ရေကိုတော့ အများသုံးရေကန်ကနေ အသုံးပြုနေကြတာပါ။

ဒီအခြေအနေနဲ့ ရေကို ကျိုချက်သောက်သုံးတဲ့ အလေ့အထအားနည်းတာက အဲဒီမြို့နယ်မှာ ရလဒ်အဖြစ် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းကို တိုးစေတာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

ခုလိုအဲဒီဒေသမှာ ရေသန့်ထောက်ပံ့ကူညီမှုကြောင့် ဒေသခံကလေးတွေအနေနဲ့ ရေခပ်ရေသယ် လုပ်ရလို့ ကုန်သွားတဲ့အချိန်နေရာမှာ ပိုကောင်းတဲ့ လေ့လာသင်ယူစရာတွေသင်ယူနိုင်ပြီး အရွယ်ရောက်ပြီး သူတွေအနေနဲ့လည်း ရေကိစ္စအတွက် အချိန်မကုန်တော့တာတွေ အကျိုးရှိလာတယ်လို့ ဆိုပါတယ်။

ITRI က အခုတိုးချဲ့မယ့် ရေသန့်စက်ရုံကို အားလုံး ပြီးသွားတဲ့အချိန်မှာ ဆက်လက်ထိန်းသိမ်းမှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013