
၂၀ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းက ကလေးတွေကို ဂျပန် နာမည်ကြီးဘောလုံးသမား ဟွန်ဒါ ရှီနော့စုခေက ဇွန်လ ၁၉ ရက်မှာ ဘောလုံးသင်တန်းပေးခဲ့ပါတယ်။
ဂျပန် အန်ဂျီအို ရှန်တီနဲ့ ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်ခဲပြီး ကလေး ၁၅၀ ကျော် ပါဝင်ကစားခဲ့ကြပါတယ်။
"ဒုက္ခသည်စခန်းမှာမွေးပြီး အပြင်လောကအကြောင်း မသိတဲ့ ကလေးတွေအနေနဲ့ ဘ၀ တက်လမ်းအတွက် ရှေ့ကို မှန်မှန်ကန်ကန်ကြိုးစားလျှေက်လှမ်းနိုင်ဖို့ မျှော်လင့်ပြီး သွားရောက်သင်ပြပေးတာ" လို့ ဂျပန်ထိပ်တန်းအသင်း ဘောလုံးသမားက သတင်းဌာနတွေကို ပြောပြခဲ့ပါတယ်။










