DVB Logo
Home
နိုင်ငံတကာ
အီရန်ခေါင်းဆောင်များနှင့် ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ
DVB
·
May 19, 2026
Photo: POOL VIA WANA
Photo: POOL VIA WANA
Donate to DVB

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုဆန်နာဗီဟာ မေ ၁၇ ရက်မှာ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကွာလီဘတ်ဖ်နဲ့ တီဟီရန်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးကို ခိုင်မာစေဖို့ ရည်ရွယ်ထားတဲ့ ပါကစ္စတန်အစိုးးရ ကိုယ်စားလှယ်အဖွဲ့ရဲ့  ၂ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ခဲ့တာလို့ အီရန်အစိုးရနဲ့ ဆက်စပ်နေတဲ့ WANA သတင်းဌာနက ဖော်ပြပါတယ်။

နာဗီဟာ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နဲ့လည်း တွေ့ခဲ့တယ်လို့ WANA က ဖော်ပြခဲ့ပါတယ်။

မိုဆန် နာဗီဟာ မေ ၁၆ ရက်မှာ အီရန်မြို့တော် တီဟီရန်ကို ရောက်လာပြီး အီရန်ပြည်ထဲရေးဝန်ကြီး အက်စကန်ဒါ မိုမန်းနီနဲ့လည်း တွေ့ခဲ့ပါတယ်။

မိုမန်းနီဟာ အီရန်-ပါကစ္စတန် ဆက်ဆံရေး၊ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့တယ်လို့ အီရန်သတင်းဌာန နူးရ်နယူးစ်က ဖော်ပြခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။

အီရန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ မတိုက်မီ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့မှု ငါးပုံတပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ပစ်ခဲ့တာပါ။

သင်္ဘောပို့ဆောင်ရေး အနှောင့်အယှက်ကြောင့် သမိုင်းမှာ အကြီးမားဆုံး ရေနံထောက်ပံ့မှု အကျပ်အတည်း ဖြစ်ခဲ့ပြီး ရေနံဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ပါကစ္စတန်ဟာ အမေရိကန်နဲ့ အီရန်အစိုးရတွေအကြား ကြားဝင် စေ့စပ်ပေးနေခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ ပြီးခဲ့တဲ့အပတ်က တဖက်နဲ့တဖက် နောက်ဆုံးအဆိုပြုချက်တွေကို ငြင်းပယ်ခဲ့အပြီး ပါကစ္စတန်က ကြားဝင်ညှိနှိုင်းပေးတဲ့ ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် အခုလိုအစည်းအဝေးတွေကို ကျင်းပခဲ့တာပါ။

ဆန့်ကျင်ဘက် သတင်းစကားတွေကြောင့် အမေရိကန်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်တွေအပေါ် အီရန်ရဲ့ သံသယတွေ မြင့်တက်လာခဲ့ပြီး ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ရေးလုပ်ငန်းစဉ် မအောင်မြင်ဘဲ အခက်အခဲတွေ ရှိနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက မေ ၁၅ ရက်မှာ ထပ်ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013