DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတည်ငြိမ်ရန် အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်သတိ​ပေး
DVB
·
June 20, 2015
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတည်ငြိမ်ရန် အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်သတိ​ပေး
1 / 14
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် မတိုင်မီ မြန်မာနိုင်ငံ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အ​ရေးကြီးတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က​ ပြောဆိုလိုက်ပါတယ်။

ဒီက​နေ့ ရန်ကုန်မြို့​တော်ဝင်နှင်းဆီ စား​သောက်ဆိုင်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ​ထည့်သွင်း​ပြောကြားသွားတာပါ။

“ခုဆိုလို့ရှိရင် ​ရွေး​ကောက်ပွဲများအတွက် သတ်မှတ်ထားတဲ့ နိုဝင်ဘာလပထမအပတ် ဆိုတာ​တော့ ​နောက်ဆုံးချိန်လို့သတ်မှတ်ထားတဲ့အချိန်က တဖြည်ဖြည်းနီးလာပါပြီ။ ဒီချိန်မ​ရောက်ခင်ကာလမှာ ကျမတို့နိုင်ငံဟာ တည်ငြိမ်ဖို့ အင်မတန်မှအ​ရေးကြီးပါတယ်။ အဲဒါကို​တော့ ကျမဒီမှာသတိ​ပေးပါရ​စေ။ နိုင်ငံရဲ့မတည်ငြိမ်မှူကို အ​ကြောင်းပြပြီး​တော့ ​ရွေး​ကောက်ပွဲလမ်းလွဲသွားမှာကို မဖြစ်ပါ​စေနဲ့လို့ ကျမတို့ရဲ့အဖွဲ့ချုပ်ဝင်​တွေအားလုံးကို ကျမမှာချင်ပါတယ်။ ပြည်သူလူထုကိုလည်း ဒီက​နေတဆင့်မှာချင်ပါတယ်” လို့​ ဒေါ်​အောင်ဆန်းစုကြည်က​ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ပြုလုပ်ရာမှာ တဦးတယောက်အောင်နိုင်ရေးအတွက်မဟုတ်ပဲ နိုင်ငံအောင်နိုင်ရေး၊ ဒီမိုကရေစီ အောင်နိုင်ရေးကိုသာ လုပ်ဆောင်ရမယ်လို့ သူမကဆက်​ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မပြိုင်မယ်ကို မကြာခင်ကာလ ဆုံးဖြတ်မှာဖြစ်ပြီး ကိုယ်စားလှယ်​လောင်းတွေ ​ရွေးချယ်ဖို့ရှိတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးကို ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစား​သောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့​တွေမှာ ကျင်းပ​နေတာဖြစ်ပြီး ဗဟို​ကော်မတီဝင် ၁၁၂ ဦး တက်​ရောက်​နေပါတယ်။

ဒီတကြိမ် ပါတီဗဟိုကော်မတီစည်းဝေးပွဲမှာ မဲစာရင်း ကိစ္စရပ်တွေ ဆွေးနွေးကြဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောကြားထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013