DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆု မြန်မာရရှိ
DVB
·
June 20, 2015
နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆု မြန်မာရရှိ
1 / 3
Donate to DVB

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society-WCS) အပါအ၀င် နိုင်ငံတကာ အန်ဂျီအို အချို့စုပေါင်းပြီး  မြန်မာနိုင်ငံက ဒေါက်တာ ကလျာကို 2015 Behler Conservation Award ဆုပေးအပ်ဖို့ ရွေးချယ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက လိပ်ထိန်းသိမ်းရေးပညာရှင် Mr Behler တည်ထောင်တဲ့ ရန်ပုံငွေနဲ့ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို နှစ်စဉ် ရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ ဒီဆုကို ၁၀ နှစ်ဆက်တိုက် ဆုချီးမြှင့်ရာမှာ မြန်မာနိုင်ငံက  ပထမဆုံးအကြိမ် ရခဲ့တာဖြစ်ပါတယ်။

လာမယ့်သြဂုတ်လကျရင် အမေရိကန်ပြည်ထောင်စု အယ်ရီဇိုးနားပြည်နယ်မှာ ဆုကို ချီးမြင့်မှာ ဖြစ်ပါတယ်။

ဒေါက်တာ ကလျာက  “ဒီဆုကရတဲ့ ဆုကြေးငွေအကုန်လုံးကို မြန်မာနိုင်ငံမှာ လိပ်စောင့်ရှောက်ရေး ဆောင်ရွက်နေကြတဲ့ keeper လေးတွေကို စင်ကာပူတိရစ္ဆာန်ဥယျာဉ်ကို  သွားရောက်စေပြီး လိပ်ထိန်းသိမ်းစောင့်ရှောက်ပုံ၊ အစာကျွေးပုံ၊ သားဖောက်ခြင်း ပညာများကို လေ့လာဖို့ ကျခံသုံးစွဲသွားပါမယ်” လို့ ပြောကြားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013