DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် လူ ၂ သိန်းကျော် ရေဘေးဒုက္ခကြုံ (ရုပ်သံ)
DVB
·
June 19, 2015
တရုတ်တွင် လူ ၂ သိန်းကျော် ရေဘေးဒုက္ခကြုံ (ရုပ်သံ)
Donate to DVB

တရုတ်နိုင်ငံ အလယ်ဗဟိုကျတဲ့ ဟူနန်ပြည်နယ်မှာ ဇွန် ၁၇ ရက်နေ့က သည်းသည်းမည်းမည်း ရွာတဲ့မိုးကြောင့် ရေကြီးရေလျှံတာတွေ ဆိုးဆိုးဝါးဝါးဖြစ်ပြီး ကောင်တီစီရင်စု ၉ ခုနဲ့ မြို့ကြီးတွေက လူပေါင်း ၂ သိန်း ၂ သောင်း ၆ ထောင်နီးပါး ဘေးဒုက္ခ ကြုံနေရပါတယ်။

ဆွေ့နင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ဒီဘေးအန္တရာယ်ကို ခပ်မြန်မြန် တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ရေဘေးအဆိုးဆုံး ကြုံနေရတဲ့နေရာတွေက ပြည်သူတွေကို ဇွန် ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ စတင် ပြောင်းရွှေ့ပေးနေပါတယ်။

မြို့လယ်ခေါင်မှာ မော်တော်ကားတွေဟာ ရေထဲမြုပ်နေပြီး ကားမောင်းသူတွေလည်း သူတို့ရဲ့ယာဉ်တွေကို စွန့်ခွာသွားကြပါတယ်။

အဲဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့နဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းနိုင်ဖို့အတွက် ယာဉ်ထိန်းရဲတွေကို နေရာချထားပါတယ်။ ၀ူယမ်လမ်းမဘက်မှာလည်း လူ ၁ ထောင်ကျော်လောက်ရဲ့ နေအိမ်တွေ ရေမြုပ်ကုန်လို့ ရေစီးကို တံခါးရွက်တွေနဲ့ တားဆီးထားရပါတယ်။

“ကျနော် ဒီလမ်းမှာ နေလာတာ အနှစ် ၂၀ ကျော်ပြီ။ ဒီလောက်မိုးကြီးတာ တခါမှ မမြင်ဖူးသေးဘူး။ ကျနော့်အိမ် မီးဖိုချောင်နဲ့ ဧည့်ခန်းတွေ အကုန် ရေလွှမ်းကုန်ပြီ။ မိုးရွာတာက ၆ နာရီကျော်လောက်တောင် ကြာနေပြီ” လို့ ရေဘေးဒုက္ခသည်တဦးက ပြောပါတယ်။

မိုးရွာတာကြောင့် ပြည်နယ်ကို တိုက်ရိုက်စီးပွားရေးထိခိုက်မှုက ယွမ်သန်းပေါင်း ၂၃၅ သန်း ဆုံးရှုံးခဲ့ရပါတယ်။ ခုချိန်ထိ အသေအပျောက် မရှိသေးပေမယ့် လူပေါင်း ၄ သောင်း ၂ ထောင့် ၅ ရာလောက်ကို ဆိုးဆိုးဝါးဝါး ရေလျှံနေတဲ့ နေရာတွေက ရွှေ့ပြောင်းပေးထားပါတယ်။

ပြည်နယ် မိုးလေ၀သဌာနကတော့ ဇွန် ၁၉ ရက်နေ့မှာ မိုးသည်းထန်မှုဟာ ပြည်နယ်အလယ်ပိုင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပြီး ပြည်နယ်အနောက်ပိုင်းမှာတော့ ဇွန် ၁၉ ရက်ညပိုင်းကနေ ဇွန် ၂၀ ရက်အထိ ရုတ်တရက် မိုးသည်းသည်းမည်းမည်း ရွာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013