DVB Logo
Home
မြန်မာသတင်း
ပြန်ပေးဆွဲခံရသည့် မလေးရှား ရေနံတင်သင်္ဘော ပြန်လွတ်
DVB
·
June 19, 2015
ပြန်ပေးဆွဲခံရသည့် မလေးရှား ရေနံတင်သင်္ဘော ပြန်လွတ်
1 / 2
Donate to DVB

ပြီးခဲ့တဲ့တပတ်က ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားရေနံတင်သင်္ဘောဟာ အင်ဒိုနီးရှား ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံထားရတာဖြစ်ပြီး ပြန်လွတ်လာပြီလို့ မလေးရှားရေတပ်က ဇွန် ၁၉ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ပင်လယ်ဓားပြ ၈ ယောက်လုံး စက်လှေတစီးနဲ့ သင်္ဘောကို စွန့်ခွာထွက်ပြေးသွားကြပြီး သင်္ဘောကို မလေးရှားနိုင်ငံ ပြန်လည်ခုတ်မောင်းလာပြီလို့ ဆိုပါတယ်။

သင်္ဘောသား ၂၂ ဦးလုံး လွတ်မြောက်လာခဲ့ပေမယ့် အင်ဒိုသင်္ဘော စားဖိုမှူးတယောက်ကတော့ ဓားပြတွေပစ်ခတ်လို့ ပေါင်မှာ ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။

ရေနံတင်သင်္ဘော အော်ကင်ဟာမိုနီ (Orkim Harmony) ဟာ ဇွန်လ ၁၁ ရက်နေ့က စင်ကာပူကမ်းလွန်မှာ ပျောက်ဆုံးသွားခဲ့ပြီး အင်ဒိုနီးရှား ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံရမှန်း နောက်ပိုင်းသိရှိခဲ့တာပါ။

[caption id="attachment_98608" align="alignright" width="500"]malaysia02 မလေးရှားရေတပ် တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)[/caption]

အခုတော့ မလေးရှားရေတပ်က ဓားပြတွေနောက် လိုက်လံရှင်းလင်းနေတယ်လို့ မလေးရှားရေတပ် အာဏာပိုင်တွေက ပြောပါတယ်။

သင်္ဘောပြန်ပေးဆွဲခဲ့အပြီး ပင်လယ်ဓားပြတွေက သင်္ဘောနာမည်ကို ကင်မ် ဟာမိုနီ (Kim Harmon) လို့ ပြောင်းလဲရေးသားခဲ့ပါတယ်။

ဇွန် ၁၇ ရက်နေ့ ညနေပိုင်းမှာ သင်္ဘောကို သြစတြေးလျလေတပ်က စပြီး တွေ့ရှိခဲ့တာပါ။ အဲဒီနောက် မလေးရှားရေတပ်က နောက်ယောင်ခံလိုက်ခဲ့ပြီး ပင်လယ်ဓားပြတွေကို အသာတကြည် လက်နက်ချဖို့ တိုက်တွန်းခဲ့တာပါ။

ရေနံတန်ချိန် ၇၃၀၀ တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က မလေးရှားတောင်ပိုင်း ဂျိုဟာ (Johor) ဆိပ်ကမ်းကနေ နိုင်ငံအရှေ့ပိုင်းက ကွမ်တန်ဆိပ်ကမ်းမြို့ (Kuantan) ကို ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရပြီး ၂ ပတ်အတွင်း ဒုတိယမြောက် ပြန်ပေးဆွဲခံရတဲ့သင်္ဘော ဖြစ်ခဲ့ပါတယ်။

မလေးရှားသင်္ဘောကုမ္ပဏီ တခုတည်းက သင်္ဘော ၂ စီး လမ်းကြောင်းတူ၊ တနေရာတည်းမှာပဲ ပြန်ပေးဆွဲခံရတာဖြစ်လို့ တောင်တရုတ်ပင်လယ်ပြင်တွင်း ရေကြောင်းဘေးကင်း လုံခြုံမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြပါတယ်။

ဒီသင်္ဘောသား ၂၂ ဦးမှာ မလေးရှား ၁၆ ဦး၊ အင်ဒို ၅ ဦးနဲ့ မြန်မာ ၁ ဦး ပါဝင်ပါတယ်။ ကွမ်တန်ဆိပ်ကမ်းကို ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ မလေးရှားရေတပ် အရာရှိတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013