DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် တီဗွီလိုင်းဖွင့်
DVB
·
June 20, 2015
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် တီဗွီလိုင်းဖွင့်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ပုဂ္ဂလိက တီဗွီလိုင်းတခု စတင်ဖွင့်လှစ်လိုက်ပါတယ်။

အထူးသဖြင့် ဘန်ကောက်နဲ့ အနီးတ၀ိုက်က မြန်မာရွှေ့ပြောင်းသမားတွေအနေနဲ့ အန်ဂျီအို (အစိုးရမဟုတ်သောအဖွဲ့)၊ စီဘီအို (လူမှုအခြေပြုအဖွဲ့) တွေဆီကနေ လိုအပ်တဲ့ အချက်အလက်ရရှိမှု  အားနည်းနေသေးတာကြောင့် သတင်းအချက်အလက်တွေ ပိုမိုထိရောက်ဖို့  မြန်မာ-ထိုင်း ချစ်ကြည်ရေးလိုင်း (MTF Channel) အစီအစဉ်ကို စတင်လိုက်တာလို့ MTF ကုမ္ပဏီမန်နေဂျာ ခွန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းသတင်းတွေကို မြန်မာလို ပြန်ကြေညာတယ်။ နောက်ပြီးတော့ ထိုင်း-မြန်မာအစိုးရ ဥပဒေအပြောင်းအလဲတွေ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ဟာကို ကျနော်တို့ ကြေညာပေးတယ်။ ဒီလိုင်းကို ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး ထုတ်လွှင့်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပြင်ဆင်ခဲ့ပါတယ်။  ဒီဇွန်လဆန်းက စပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။”

ဒီအစီအစဉ်ကို စတင်ထူထောင်သူမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့  ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တွေပါ ပါဝင်ပြီး မတည်ငွေ ဘတ် ၄ သန်းကို အဖွဲ့ဝင် ၇ ဦးက အစုရှယ်ယာ ထည့်ဝင်ကြတယ်လို့ သူကဆက်ပြောပါတယ်။

လောလောဆယ် ထွက်ငွေသာရှိပြီး ၀င်ငွေမရှိသေးပေမယ့် နောက်နောင် အစီအစဉ်ကို တိုးမြှင့်ပြီးတဲ့အခါ ကြော်ငာတွေကနေ ၀င်ငွေပြန်ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အစီအစဉ်တိုးမြှင့်ဖို့ ၀န်ထမ်းတွေလည်း လိုအပ်လျက်ရှိပြီး လျှောက်ထားသူမှာ အဓိက ထိုင်း-မြန်မာ ၂ ဘာသာကို ကောင်းစွာ ဘာသာပြန်ဆိုနိုင်သူ၊ တက္ကသိုလ်မှ ဘွဲ့ရပြီးသူ၊ နိုင်ငံကူးလက်မှတ်ရှိသူနဲ့ ကုမ္ပဏီမှာ အလုပ်ရရင် စီးပွားရေးဗီဇာနဲ့ နေခွင့်ရရေးပါ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လစာမှာ အစမ်းခန့်ကာလ ၃ လအတွင်း တလ ဘတ် ၁ သောင်း ၅ ထောင်၊ အတည်ခန့်လိုက်ရင် တလ ဘတ် ၂ သောင်းခွဲပေးမယ်လို့ ခွန်ဝင်းက ပြောပါတယ်။

MTF ရုပ်မြင်သံကြားအစီအစဉ်ကို ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ်လ် လိုင်းနံပါတ် (ချန်နယ်လ်) ၆၆ မှ ဖမ်းယူကြည့်ရှုနိုင်သလို ဖေ့စ်ဘုတ်စာမျက်နှာ  https://www.facebook.com/mtftv?fref=ts (MTF Channel) ကနေလည်း ဝေဖန်အကြံပေးနိုင်တယ်လို့ ဆိုပါတယ်။

ချန်နယ်လ် ၆၆ မှာ မြန်မာဘာသာတမျိုးတည်းသာ ထုတ်လွှင့်ပြီး သတင်းအပြင် မြန်မာ့ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွဲ၊ တေးသီချင်းတွေပါ ပြသပေးနေတယ်လို့ ကုမ္ပဏီမန်နေဂျာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013