DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပင်လယ်ပြင် လှိုင်းလေကြီးနိုင်သဖြင့် သတိထားရန်လို
DVB
·
June 19, 2015
မြန်မာ့ပင်လယ်ပြင် လှိုင်းလေကြီးနိုင်သဖြင့် သတိထားရန်လို
1 / 3
Donate to DVB

မြန်မာ့ပင်လယ်ပြင်မှာ လာမယ့် ၇၂ နာရီအတွင်း လေပြင်းတွေတိုက်ပြီး လှိုင်းကြီး နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သတိပေး လိုက်ပါတယ်။

ဇွန် ၁၈ ရက်နေ့မှစတင်ကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေ အားကောင်းလာလို့ ဘင်္ဂလားပင်လယ်အော်မှာ လေတိုက်နှုန်းတွေမြင့်တက်လာပြီး လှိုင်းတွေလည်း ကြီးလာနိုင်ပါတယ်လို့ သတိပေးထားပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် မြန်မာ့ကမ်းရိုးတမ်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ဇွန်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ လေတိုက်နှုန်း ၁ နာရီ ၃၅ မိုင်ကနေ မိုင် ၄၀ ထိ ရှိနိုင်ပြီး ပင်လယ်ရေလှိုင်း အမြင့် ၁၅ ပေကနေ ပေ ၂၀ အထိ မြင့်နိုင်တယ်လို့လည်း ခန်းမှန်းထားပါတယ်။

လေပြင်းတိုက်ပြီး လှိုင်းအလွန်ကြီးတဲ့ အနေအထားဖြစ်နေသလို အထူးသဖြင့် ရခိုင်နဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသဟာ အဆိုးဆုံးဖြစ်နိုင်တယ်လို့လည်း ဦးထွန်းလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အရွယ်အစားသေးငယ်တဲ့ရေယာဉ်တွေ ကမ်းကနေဝေးရာခွာသွားလာခြင်းကို ရှောင်ရှားသင့် တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ဒီကနေ ဇွန်လ ၁၉ ရက်နေ့ မနက် ထုတ်ပြန်ချက်မှာလည်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013