DVB Logo
Home
မြန်မာသတင်း
ဒေါ်စု ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်မယ်လို့ နက္ခတ်ပညာရှင် ဟောကိန်းထုတ်
DVB
·
June 19, 2015
ဒေါ်စု ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတဖြစ်မယ်လို့ နက္ခတ်ပညာရှင် ဟောကိန်းထုတ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီး သမ္မတဖြစ်မယ်လို့ နိုင်ငံကျော် မြန်မာနက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်က ဆက်သွယ်မေးမြန်းရာမှာ ဟောကြားချက်ဖြစ်ပြီး အသက် ၇၀ ပြည့်ပြီးတာနဲ့ သူ့ရဲ့ ရှေးဘုန်းရှေးကံမြင့်လာပြီး ဒုက္ခပေးခံရခြင်း၊ လုပ်ကြံခံရခြင်းတို့ကနေ လုံးဝ ကင်းစင်သွားတယ်လို့ ပြောပါတယ်။

မြန်မာနက္ခတ်ပညာရှင် စံဇာဏီဘိုက “အင်မတန် ဇာတာကောင်းပါတယ်။ ဒီနေ့ကစပြီး လာမယ့် အနာဂတ်မှာ အန္တရာယ်ကင်း ဘေးကင်းစွာနဲ့ ထိပ်တန်းရောက်မယ်။ ၇၀ နဲ့ ၇၁ ကြား သူ့အတွက် အထွတ်အထိပ် ကံကောင်းတဲ့နှစ် ဖြစ်တယ်။ ဘ၀မှာ ပေးဆပ်ပြီး လုပ်ထားတဲ့အရာတွေရဲ့ ကောင်းသော အကျိုးဆက်ကို ရရှိမှာပါ။ ရွေးကောက်ပွဲမှာလည်း နိုင်မယ်။ နိုင်ငံရဲ့ အမြင့်ဆုံးနေရာကိုလည်း သူရောက်မယ်။ သမ္မတက အမြင့်ဆုံးဆို သမ္မတနေရာ ရောက်မယ်။ ဒီအတွက်တော့ သူ့ရဲ့ ကံကြမ္မာကက ဒီမွေးနေ့ကစပြီး ထင်ရှားစွာ ပြသပါတယ်။ ၇၀ ပြည့်ပြီးတာနဲ့ တပြိုင်နက်တည်း သူ့ရဲ့ ရှေးဘုန်းရှေးကံတွေက တအားမြင့်လာတဲ့အတွက် ကျန်းမာရေး၊ စီးပွားရေးကအစ နိုင်ငံတကာအဆင့် တိုးတက်မှုတွေ ဆက်တိုက်ရလာပါမယ်။ လုပ်ကြံခံရခြင်းတို့၊ ဒုက္ခပေးခံရခြင်းတို့ လုံးဝ ကင်းစင်သွားတယ်။”

မြန်မာပြည်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ အနာဂတ်ခေါင်းဆောင်ရဲ့ အချိန်အခါကောင်းကို ဒီနေ့ကစ ရောက်ရှိပြီလို့လည်း သူက ပြောပါတယ်။

၇၅ နှစ်လောက်အထိရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံဇာတာ အခြေအနေ။

လာမယ့် အနာဂတ်တွေမှာလည်း သူ့ရဲ့အနေအထား ကံအခြေအနေ ဆက်မြင့်နေပါတယ်။ ဆက်လက်ပြီး တိုးတက်မယ်။ ၇၀ နဲ့ ၇၁ ကြား၊ နောက် ၇၂ နဲ့ ၇၃ ကြား၊ ၇၄ နဲ့ ၇၅ ကြားတွေမှာ ဆက်တိုက်ကောင်းပြီးတော့ အနာဂတ် မြန်မာနိုင်ငံကို ဦးဆောင်တဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့ကံကြမ္မာက သယ်ဆောင်သွားလိမ့်မယ်။ မြန်မာနိုင်ငံကို တူရာသီက ပိုင်ဆိုင်တယ်။ တူရာသီကို ကုမ်ရာသီဖွားတွေရယ်၊ မေထုန်ရာသီဖွားတွေရယ် ဦးဆောင်ပြီး ပြောင်းလဲရင် ထူးခြားစွာ တိုးတက်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မေထုန်ရာသီဖွား ဖြစ်တဲ့အပြင် မိန်းမသားတဦး ဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့ အနာဂတ်ကို လာမယ့် ၅ နှစ်အတွင်း တမုဟုတ်ချင်း ပြောင်းလဲပြီးတော့ ထူးခြားစွာ အောင်မြင်အောင် ဖန်တီးနိုင်တယ်။ ပြီးတော့ ဒေါ်စုမွေးတဲ့ရာသီရဲ့ သဘာဝက သူများတွေ အံ့သြသွားလောက်အောင် မှော်ဆရာ၊ ပဉ္စလက်အတတ်ပညာရှင်တယောက်လို မြန်မာပြည်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ အနာဂတ်ခေါင်းဆောင်ရဲ့ အချိန်အခါကောင်းကို ဒီနေ့ကစ ရောက်ရှိပါပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013