DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိစ္စဆွေးနွေးသည့် ဒေါက်တာညိုညိုသင်း သတိပေးခံရ
DVB
·
June 19, 2015
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိစ္စဆွေးနွေးသည့် ဒေါက်တာညိုညိုသင်း သတိပေးခံရ
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်း အကြောင်း ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့တဲ့ လွှတ်တော်အမတ် ဒေါက်တာဒေါ်ညိုညိုသင်းကို  လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်ပါတယ်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ အစီရင်ခံစာကို ဒေါက်တာညိုညိုသင်း ဆွေးနွေးစဉ် ဇွန်လ ၁၅ ရက်နေ့က လွှတ်တော်ကအတည်ပြုလိုက်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့တဲ့အတွက် ဆွေးနွေးမှု ခေါင်းစဉ်လွဲမှားတယ်လို့ဆိုကာ လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးလိုက်တာပါ။

လွှတ်တော်ကအတည်ပြုခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဒီကနေ့ဆွေးနွေးနေတဲ့ မဟာရန်ကုန်မြို့ပြဖွံဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ မှာ ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုထဲက ဒုတိယဦးစားပေးအဆင့်ဖြစ်တဲ့ အနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းတခုလည်း ဖြစ်ပါတယ်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ဆွေးနွေးသူ ၃ ဦးမှာ ကန့်ကွက်ဆွေးနွေးသူ ၂ ဦးနဲ့ ထောက်ခံဆွေးနွေးသူ ၁ ဦးရှိပါတယ်။ အစည်းအေ

ဝးညနေပိုင်းမှာတော့လျို့ဝှက်မဲပေး နည်းဖြင့် မဲခွဲဆုံးဖြတ်လည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013