DVB Logo
Home
မြန်မာသတင်း
မြ၀တီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် ကားတိမ်းမှောက်၊ ၁၀ ဦးခန့် ဒဏ်ရာရ
DVB
·
June 18, 2015
မြ၀တီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် ကားတိမ်းမှောက်၊ ၁၀ ဦးခန့် ဒဏ်ရာရ
1 / 2
Donate to DVB

မြ၀တီ- ကော့ကရိတ် အာရှလမ်းမကြီးမှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က ခရီးသည်တင်ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက်   ၁၀ ဦးလောက် ဒဏ်ရာရပါတယ်။

မြ၀တီကနေ ဖြူးကို ပြေးဆွဲနေတဲ့ အဆိုပါခရီးသည်တင်ကားဟာ လူ ၂၀ လောက် တင်ဆောင်ခဲ့ပြီး လမ်းကွေ့တခုမှာ ဘရိတ်ပေါက်တဲ့အတွက် တိမ်းမှာက်မှုဖြစ်ပွားခဲ့တာလို့ မျက်မြင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_98466" align="alignleft" width="422"]Sai K K2 ဓာတ်ပုံ - Sai Khant Khant[/caption]

“ဒီ​နေ့တက်​လာတာ ကား​မှောက်​​နေတာ​တော့​ တွေ့တယ်​၊ ဒဏ်​ရာလူနာ​တွေ သယ် ​သွားပြီဆိုလို့ ကျ​နော်​တို့ဆက်​ထွက်​လာတာ။”

ဒဏ်ရာရလူနာ တချို့ကိုတော့ ကောကရိတ်ဆေးရုံကို ပို့ဆောင်ကုသပြီး တချို့ကိုတော့ မြ၀တီဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။

ကောကရိတ်ဆေးရုံကို မေးမြန်းရာမှာတော့ ကားမှောက်မှုကြောင့် အတွင်းလူနာအနေနဲ့ ၃ ယောက် ရောက်လာပြီး အပြင်လူနာအနေနဲ့ ၃ ယောက် ရောက်ကြောင်း တာဝန်ကျသူနာပြုဆ ရာမ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ကျမတို့ဆီကို ၁၁ နာရီ မိနစ်၂၀ လောက်ရာက်တယ်လေ။ သူတို့ကတော့ ဖြစ်ဖြစ်ချင်း လာတယ်တဲ့။ ဆိုတော့ ၁၀ နာရီခွဲကျော်ကျော်မှာ ဖြစ်တယ်။ အတွင်းလူနာ ၃ ယောက်နဲ့ အပြင်လူနာ ၃ ယောက်လာပါတယ်။”

အတွင်းလူနာအနေနဲ့ကတော့ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် တက်ရောက် ကုသနေတယ်လို့လည်း အဲဒီဆရာမက ပြောပါတယ်။

လက်ရှိကားတိမ်းမှောက်မှုဖြစ်နေတဲ့ အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ် လမ်းပိုင်းဟာ အသုံးပြုသွားလာဖို့ တရားဝင် ပွင့်လင့်ခြင်း မှုမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013