DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်
DVB
·
June 18, 2015
တိုင်းရင်းသားများ တောင်းဆိုချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေဖန်ပြစ်တင်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ရဲ့ တောင်းဆိုချက်တွေဟာ တို့တာဝန်အရေးသုံးပါးကို ထိခိုက်စေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ တွေ့နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံခိုက် ပြောကြားခဲ့တာပါ။

အဲ့ဒီတွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က “ဖက်ဒရယ်ကို အခြေခံသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းရာတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ ပကတိ အခြေအနေ အရပ်ရပ်ကို သိရှိဖို့ လိုကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုမှုများသည် အဓိပ္ပာယ်တမျိုး သက်ရောက်နေကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေမည့် အခြေအနေများ တွေ့ရှိရကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှုများကိုလည်း တွေ့ရှိရကြောင်း။" စသဖြင့် ပြောဆိုခဲ့တာပါ။

ပြည်ထောင်စုအင်စတင်ကျုက ဦးခွန်ဆိုင်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အခုလို ပြောဆိုမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အပစ်ရပ်စာချုပ်လက်မျတ်ထိုးဖို့ တမင်သက်သက်အချိန်ဆွဲနေတယ်လို့ မြင်ပြီး ပြောတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“တပ်မတော်ဘက်က မြင်တာက ၁ နှစ်ခွဲကျော် အချိန်ယူပြီးတော့မှ ကြိုးစားပမ်းစားနဲ့ စာချုပ်မူကြမ်းကို လုပ်ခဲ့တယ်။ အခု ဆက်လုပ်နေတဲ့ဟာက တမင်သက်သက် အချိန်ဆွဲတယ်လို့ သူတို့ မြင်ပုံရတယ်။ အဲ့ဒီလို မြင်ပုံရတဲ့အတွက်ကြောင့် ဒီဝေဖန်သုံးသပ်မှုက အခုလိုမျိုးပေါ်လာတာပေါ့။”

ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့အပတ်ထဲ ဂျပန်သတင်းဌာနတခုနဲ့ တွေ့ဆုံခန်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ မတရားသဖြင့် ရရှိထားတဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါသေးတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့လည်း ဦးခွန်ဆိုင်းက အကျိုးစီးပွားဆိုတဲ့နေရာမှာ နှစ်ဘက်စလုံးက အနည်းစုမှာ ရှိနေတာဖြစ်လို့ တပ်မတော် ခေါင်းဆောင်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဝေဖန်ပြစ်တင် ပြောဆိုချက်တွေ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013