
ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကြက်တောင်ငှက်မွေးကို ပြောင်းလဲ အသုံးပြုရေးနဲ့ ပတ်သက်ပြီး အမြင် တွေ မတူညီကြဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
ကြက်တောင်အားကစားနည်းဟာ လန်ဒန်မှာ ၁၉၅၂ ခုနှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲကနေ ၂၀၂၆ BWF ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအထိ ပြောင်းလဲမှုတွေအများကြီးရှိပေမဲ့ အသုံးပြုတဲ့ ကြက်တောင်ကတော့ ပြောင်းလဲတာမရှိသေးပါဘူး။
ကြက်တောင်ပြိုင်ပွဲတွေမှာ ဘဲတွေ၊ ငန်းတွေကရတဲ့ အမွေးတွေနဲ့ ပြုလုပ်တဲ့ ကြက်တောင်ကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဈေးတက်တာတွေနဲ့ သဘာဝအမွေးအတောင်တွေရဖို့ ခက်ခဲလာတာကြောင့် ကြက်တောင်အားကစားဖွံ့ဖြိုးရေးအတွက် ဓာတုငှက်မွေးနဲ့လုပ်တဲ့ ကြက်တောင်တွေနဲ့အစားထိုး အသုံးပြုဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကလည်း အဆင့် ၃ တန်းနဲ့ အငယ်တန်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ဓာတုကြက်မွေးနဲ့ လုပ်ထားတဲ့ ကြက်တောင်တွေ အသုံးပြုဖို့ ဧပြီလက အတည်ပြုပေး ထားပါတယ်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) အထွေထွေအတွင်းရေးမှူးတိုမတ်လန်းက “ကြက်တောင် အား ကစားမှာ ငှက်မွေးအတောင်တွေနဲ့ လုပ်တဲ့ ကြက်တောင်တွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ ပါတယ်။ ဒါပေမဲ့ ငှက်မွေးနေရာမှာအစားထိုး ထုတ်လုပ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
ဓာတ်တုငှက်မွေးနဲ့ လုပ်ထားတဲ့ ကြက်တောင်တွေကို ဇွန်လမှာ ကစားသမားတွေကိုပေးပြီး စမ်းသပ် ခဲ့ပေမဲ့ အရင်ငှက်မွေးကြက်တောင်တွေနဲ့မတူဘဲ လူတိုင်းအတွက် ခက်ခဲမယ်ဆိုတဲ့ အမြင်တွေလည်း ထွက်ခဲ့ပါတယ်။
တကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လုပ်နေချိန်မှာ ကြက်တောင် အားကစားက ပလတ်စတစ်အသုံးပြုဖို့ သွားနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ရှိပါတယ်။
Source:Reuters











