DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် အနုပညာဗဟိုဌာနများ တည်ဆောက်မည်
DVB
·
June 18, 2015
ရန်ကုန်နှင့် မန္တလေးတွင် အနုပညာဗဟိုဌာနများ တည်ဆောက်မည်
1 / 4
Donate to DVB

အနုပညာပြပွဲတွေ တနှစ်ပတ်လုံးတင်ဆက်ဖျော်ဖြေနိုင်မယ့် အနုပညာဗဟိုဌာနတွေကို ရန်ကုန်နဲ့  မန္တလေးမြို့တွေမှာ တည်ဆောက်ပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု အစည်းအရုံးတွေက တာဝန်ရှိသူတွေနဲ့  ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံပြောကြားလိုက်တာပါ။

10301059_722403164554219_3114754280912315399_nသမ္မတ ဦးသိန်းစိန်က နိုင်ငံတော်ကို စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ စိတ်ချမ်းသာပျော်ရွှင်အောင် အနုပညာမှတဆင့် ဆောင်ရွက်ပေးရန်လည်း  တာဝန်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ  အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ် ပညာရှင်များ အရေးကြီးသကဲ့သို့ အနုပညာရှင်များလည်း အရေးကြီးတဲ့အတွက်ကြောင့်  ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ပြပွဲများကို တနှစ်ပတ်လုံး တင်ဆက်နိုင်မည့် အနုပညာဗဟိုဌာနတခုကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် တည်ဆောက်ပေးမယ်လို့ ပြောသွားပ့ါတယ်။

ဒီတွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကတော့  နိုင်ငံတကာ အဆင့်မီ မြန်မာအနုပညာဗဟိုဌာနတည်ဆောက်ရေးစီမံကိန်းကို  မကြာခင်မှာ စတင် အကောင်အတည်ဖော် ဆောင်ရွက်တော့မယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ဒီဟာ ဆောက်လုပ်ပေးမယ်လို့ သမ္မကြီးက ပြောထာတာကြာပါပြီ။ ကျနော်တို့ အဲဒီကိစ္စနဲ့ပတ် သက်ပြီးတော့ သမ္မတကြီးနဲ့ ဒါ ၄ ကြိမ်မြောက်တွေ့တာပေါ့။ တွေ့ပြီးတော့ ဒါ လုပ်ငန်းတွေ စပြီးတော့ အကောင်အထည်ဖော် ဆောက်ရွက်တော့မယ်ဆိုတဲ့ သဘောတူညီချက်ရပြီးတော့ စပြီးဆောင်ရွက်ပါတော့မယ်။ အခုရက်ပိုင်းအတွင်းမှာကို စပါတော့မယ်။ ”

နိုင်ငံတကာအဆင့်မီ မြန်မာအနုပညာဗဟိုဌာနကို ရန်ကုန်မြို့ ၁၀ မိုင်ကုန်းအနီးက အာလိန်ငါးဆင့်ဘုရားနဲ့ ကပ်ရက်မြေကွက်မှာ တည်ဆောက်ဖို့ အစီအစဉ်ရှိနေတာလည်း ဖြစ်ပါတယ်။

11063773_722403191220883_6518432822347327052_nအဆောက်အဦတည်ဆောက်ပြီးသွားရင်တော့ မြန်မာနိုင်ငံရဲ့  ပထမဦးဆုံး နိုင်ငံတကာ ဆင့်မီ အနုပညာ စင်တာဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကပြောပါတယ်။

“အဓိက ရုပ်ရှင်၊ ဂီတ၊ သဘင်တွေ၊ ပန်းချီ၊ ပန်းပု၊ အနုပညာအဖွဲ့အစည်းတွေအားလုံး အသုံးချခွင့်ရမယ့်၊ အသုံးပြုလို့ရမယ့် တည်ဆောက်မှုမျိုးနဲ့ တည်ဆောက်သွားမှာပါ။ လူ ၃၀၀၀ ဆန့် ပြဇာတ်ရုံကြီးတခုက အဓိကပါဝင်ပါမယ်။ ဒီလိုအဆောက်အဦက ဗမာပြည်မှာ မရှိသေးပါဘူး။ ပြဇာတ်တွေ၊ အော်ပရာတွေကို ဒီနွေ၊ မိုးဆောင်း၊ တနှစ်ပတ်လုံး တင်ဆက်ပြသနိုင်တဲ့ နေရာ၊ နိုင်ငံခြားအနုပညာအဖွဲ့အစည်းတွေလည်း ချိတ်ဆက်ပြီးတော့ လာရောက်ကပြဖျော်ဖြေပေးနိုင် မယ့် နေရာမျိုး၊ပြီးတော့ တခြား out door space တွေလည်း ပါပါတယ်ခဗျာ။”

အနုပညာ ဗဟိုဌာနတွေရဲ့ စီမံခန့်ခွဲမှုကိုတော့ အနုပညာရှင်တွေပါဝင်တဲ့ သီးခြား လွတ်လပ်သည့် အဖွဲ့အစည်းက တာဝန်ခံ ဆောင်ရွက်ဖို့နဲ့ အဆောက်အဦ ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် လိုအပ်တဲ့ အုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းဆောင် ရွက်သွားရန်ဖို့လည်း သမ္မတက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013