DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းတင်ရာတွင် လူမျိုးပေါင်း ၉၀၀ ကျော်ရှိ
DVB
·
June 18, 2015
မြန်မာနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းတင်ရာတွင် လူမျိုးပေါင်း ၉၀၀ ကျော်ရှိ
Donate to DVB

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် မှတ်တမ်းယူရာမှာ လူမျိုးပေါင်း ၉၁၇ မျိုး ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ မဲပေးရေး အစီအစဉ်တွေမှာ မသန်စွမ်းသူတွေ ပိုမိုပါဝင်ခွင့် ရရှိလာရေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

“အကြမ်းဖျင်းတော့ မဲဆန္ဒနယ် သတ်မှတ်တာ ပြီးသွားပြီ။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်စားလှယ်ရွေးဖို့ ရှိပါတယ်။ ဒါက လ၀က ကစာရင်း မထွက်သေးပါဘူး။ ကျနော်တို့ စုံစမ်းလိုက်တဲ့ခါကျတော့ နှုတ်ပြောအရ မှတ်တမ်းတင်ထားတာ လူမျိုးပေါင်း ၉၁၇ မျိုးရှိပါတယ်။” လို့ ဦးတင်အေးက ပြောပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ခဲ့ပေမယ့် လူမျိုးနဲ့ ကိုးကွယ်ရာဘာသာကို မထုတ်ပြန်ခဲ့ပါဘူး။

“အဲဒါကို ရှင်းမယ်ဆိုရင် ၂၀၁၆ မှရမယ်။ ဆိုတော့ ၈၄ က သတ်မှတ်တဲ့ လူမျိုး ၁၃၅ မျိုးနဲ့ပဲ သတ်မှတ်မလား။ သူတို့ ကျနော့်ကို အကြောင်းပြန်ပါမယ်။ အဲဒါကို မူတည်ပြီးတော့ မဲဆန္ဒနယ် သတ်မှတ်ပါမယ်။ ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ တိုင်းရင်းသားကိုယ်စားလှယ်ရလဲ ထုတ်ပါမယ်” လို့ ဦးတင်အေးက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေရဲ့ သန်းခေါင်စာရင်းကို အခြေခံမှာ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်အတွက် အပြောင်းအလဲ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီလို လူမျိုးဦးရေ မထုတ်ပြန်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်စားလှယ်ရဖို့ အခွင့်အရေး ဆုံးရှုံးတယ်လို့လည်း ဝေဖန်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013