DVB Logo
Home
Lead Story
ရွေးကောက်ပွဲပြီးမှ ပြင်ဆင်ထားသည့်ဖွဲ့စည်းပုံ အသက်ဝင်မည့် အပေါ်အမြင်များ
DVB
·
June 18, 2015
ရွေးကောက်ပွဲပြီးမှ ပြင်ဆင်ထားသည့်ဖွဲ့စည်းပုံ အသက်ဝင်မည့် အပေါ်အမြင်များ
Donate to DVB

လွှတ်တော်မှာ ဆွေးနွေးဖို့ရှိနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ဥပဒေကြမ်းအတည်ပြု ပြီးသွားရင် ရွေးကောက်ပွဲအလွန် အစိုးရသစ်လက်ထက် လွှတ်တော်ပြန်စတင်ချိန်ကစပြီး အာဏာ သက်ရောက်မယ်လို့ လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောပါတယ်။ ဇွန်လ ၁၆ ရက်က  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ အစီရင်ခံစာ ဖတ်ကြားရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာရဲ့ အခုလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအင်အားစုတွေရဲ့ တုံ့ပြန်ပြောဆိုသုံးသပ်ချက်တွေကို စုစည်းတင်ပြပါတယ်။

ဦးကိုကိုကြီး (၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)

[caption id="attachment_62847" align="alignright" width="316"]ဦးကိုကိုကြီး ဦးကိုကိုကြီး[/caption]

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့ အပိုင်းမှာ လူထုဆန္ဒခံယူပွဲလိုအပ်တဲ့  ပုဒ်မတွေ ပါလာရင်တော့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး နောက်ပိုင်းမှာမှ ဆန္ဒခံယူပွဲ လုပ်ရဦးမယ်၊ ဆိုတော့ ဆန္ဒခံယူပွဲလုပ်မယ့် အလားအလာကိုလည်း တိတိကျကျ မသိရသေးဘူး။ ဘယ်ပုဒ်မတွေ အတည်ပြုဆုံးဖြတ်မယ့်ထဲမှာ ပါမလဲ ပြင်ဆင်ဖို့ဟာ။ အဲ့ဒါတွေ ကျနော်တို့ လေ့လာဖို့ လိုဦးမယ်။ အဲ့ဒါတွေ ပြီးမှဆိုလို့ရှိရင် ဒီဘက်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလတွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့ကာလတွေနဲ့ သွားပြီးရင်တော့ သူ့ရဲ့ လုပ်ငန်းစဉ်အရ ဆိုရင်တော့ ဒီလွှတ်တော်မှာ ပြင်လို့ရမယ့်အပိုင်းတွေကို ပြင်သွားမယ်။ သို့သော် လွှတ်တော်အသစ်မှာမှပဲ လက်တွေ့ဆောင်ရွက်နိုင်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခုဟာက လွှတ်တော်ကလည်း နားတော့မယ်၊ ပြီးတော့ ဆန္ဒခံယူပွဲလုပ်ဖို့ လိုတဲ့ပုဒ်မတွေ ပါလာရင် ဆန္ဒခံယူပွဲလုပ်ဖို့ အတွက် ပြင်ဆင်ရမယ့်ဟာတွေ ရှိတယ်။ ဒီလွှတ်တော်သက်တမ်းမှာ ပြင်လို့ရတဲ့ ကိစ္စတွေကို ဦးစားပေး ဆွေးနွေးဆုံးဖြတ်ပြီးတော့မှ လွှတ်တော်အသစ်ကို ဆက်ပြီး သွားလိမ့်မယ်လို့ ထင်တယ်။”

ဒေါ်နန်းထွေးမှုံ (အက်စ်အန်အယ်လ်ဒီ ပါတီ၊ ဥပဒေရေးရာကော်မတီခေါင်းဆောင်)

“လွှတ်တော်က ပြင်မယ်ဆိုရင် ပြင်တဲ့နေ့မှာပဲ အတည်ဖြစ်သင့်တာပေါ့။ ဟိုတရက်က ဦးရွှေမန်းက ပါတီ ၂၀ ကို ခေါ်တွေ့တုန်းက သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်၊ ပြည်သူတွေ မကြိုက်ဘူးဆိုတာ သိပါတယ်တဲ့။ ဦးရွှေမန်းက အဲဒီလိုကိုပြောတာ။ ပြင်မယ်ဆိုပေမယ့် ရွေးကောက်ပွဲက နီးနေပြီ၊ ဆန္ဒခံယူပွဲလုပ်ရမယ့် ပုဒ်မမျိုးဆိုရင်တော့ ပြင်လို့ မမီနိုင်ပါဘူးတဲ့။ ဆန္ဒခံယူပွဲလုပ်ရမယ့် ပုဒ်မမျိုး မဟုတ်ဘူးဆိုရင် တင်လာခဲ့ပါတဲ့၊ ပြင်ပေးမယ်လို့ ပြောပါတယ်။ အခု ပြင်ဖို့ ဥပဒေကြမ်းတွေကို တင်လိုက်တယ်။ သူတို့လက်ထဲမှာ သူတို့ပြင်မယ်လို့ ပြောတဲ့အတိုင်း ပြင်မှာပေါ့နော်၊ တကယ်လို့ ပြင်ပြီး အတည်ပြုမယ့်နေ့ကျရင် အာဏာတည်ရမှာပေါ့၊ ဒါမှ သူတို့ ပြင်တယ်လို့ ဆိုရမှာပေါ့။”

ဦးအောင်သိန်း (ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း)

ရှေ့နေ ဦးအောင်သိန်း

“ဖွဲ့စည်းပုံပြင်ဖို့က လွှတ်တော်ထဲက ပြင်ရမှာ မှန်တယ်။ သို့သော် လူထုနည်း လူထုဟန်နဲ့ရော ကျနော်တို့က ၀ိုင်းဝန်းဆန္ဒပြုလို့ မရဘူးလား။ ဒီဖွဲ့စည်းပုံပြင်ဖို့ အင်အား ၅ သန်းလောက်က လက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ထားတာ ရှိတာပဲဗျာ။ သူတို့က ဒါတွေကို တရားမ၀င်ဘူးဆိုတဲ့ သဘောမျိုး ပြောနေတာတွေ ဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး သဘောထားတဲ့ လွှတ်တော်ဖြစ်မနေဘူးလားလို့ မေးခွန်း ထုတ်ချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013