DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင်းရှိ အကြီးစားစီမံကိန်းများ ရပ်တန့်ရန် လိုအပ်
DVB
·
June 18, 2015
ကချင်ပြည်နယ်တွင်းရှိ အကြီးစားစီမံကိန်းများ ရပ်တန့်ရန် လိုအပ်
Donate to DVB

ဗဟိုအစိုးရက ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က အကြီးစားစီမံကိန်းတွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က ပြောပါတယ်။

သူတို့အဖွဲ့ဟာ အကြီးစားစီမံကိန်းလုပ်ဆောင်ရာ မြစ်ကြီးနား၊ ဖားကန့်နဲ့ ဟူးကောင်းဒေသနေ ပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီစီမံကိန်းတွေဟာ ပြည်သူတွေအတွက် အကျိုးမရှိဘဲ လူမှုရေးပြဿ     နာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း ပြဿ  နာတွေပါ ရင်ဆိုင်နေရတဲ့အတွက် အဲဒီစီမံကိန်းတွေကို ရပ်ထားဖို့လိုတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် အထွေထွေ အတွင်းရေးမှူး ကိုစာဂျီးက ဒီဗွီဘီကို ပြောပါတယ်။

“ကချင်ပြည်နယ်မှာ အားလုံးသိတဲ့အတိုင်း အစိုးရရဲ့ ဗဟိုထိန်းချုပ်မှု စီမံကိန်းတွေဖြစ်တဲ့ ဧရာဝတီမြစ်ဖျားက မြစ်ဆုံစီမံကိန်း၊ ဟူးကောင်းချိုင့်ဝှမ်းက မြေဧက ၁ သိန်းကျော်မှာ  ယုဇနကုမ္ပဏီက လုပ်နေတဲ့စီမံကိန်း၊  ဖားကန့်မှာ အကြီးစား စက်ယန္တရားကြီးတွေနဲ့ လုပ်နေတဲ့ ကျောက်တူးစီမံကိန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက် မရတဲ့အပြင် ပြည်သူအတွက်ပါ အကျိုးမရှိတဲ့အတွက် ရပ်ထားဖို့လိုပါတယ်။ အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ ကာလမှာ ဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီနည်းမကျတာကိုလည်း ကျနော်တို့ ကူညီ ထောက်ပြလိုပါတယ်။”

ကချင်ပြည်နယ်မှာရှိတဲ့ ပြဿ     နာတွေ အများကြီးထဲက သဘာဝအရင်းအမြစ် ပြဿ နာဟာလည်း ပဋိပက္ခဖြစ်ပေါ်စေတဲ့ အကြောင်းအရာဖြစ်တဲ့အတွက် ဒီပြဿ နာကိုဖြေရှင်းဖို့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲဖို့ ပေါ်လစီလည်း လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ မြန်မာပြည်မှာ နိုင်ငံရေးဆွေးနွေးပွဲလည်း မဖြစ်သေး၊ အသွင်ကူးပြောင်းရေးကာလလည်း မရောက်ရှိသေးတဲ့ ကြားကာလအတွင်း အကြီးစားစီမံကိန်းတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်း သူကထပ်ပြောပါတယ်။

အခုလိုပြဿ     နာဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတရပ်ဟာ ၂၀၀၈ အခြေခံဥပဒေ အခန်း (၁) အပိုဒ် ၃၇ (က) အရ နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေဟာ နိုင်ငံတော်ပိုင်ဖြစ်ပြီး ပြည်သူတွေက ပိုင်ဆိုင်ခွင့်မရှိကြောင်း၊ အစိုးရက ဗဟိုထိန်းချုပ်မှု အာဏာနဲ့ ပြည်သူ့ဆန္ဒမပါဘဲ ဆောင်ရွက်ခဲ့တဲ့အတွက် ဖြစ်ရတာလို့ ဆိုပါတယ်။

ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြီး အဲဒီပေါ်လစီမှာ သဘာဝအရင်းအမြစ်ကို ပြည်သူတွေပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နဲ့ အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲခွင့်တွေ ပါဝင်မှသာ စီမံကိန်းတွေ ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိမှာတော့ တနိုင်တပိုင် လုပ်ငန်းတွေသာ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်ဟာ နှစ် ၂၀ ကာလအတွင်း အစိုးရရဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုတွေကို သုတေသနပြုခဲ့ပြီး အထက်ပါအချက်တွေကို တွေ့ရှိသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အခန်းပေါင်း ၇ ခန်း၊ စာမျက်နှာပေါင်း ၅၇ မျက်နှာရှိ ကချင်ပြည်နယ် သဘာဝသယံဇာတ အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒဆွေးနွေးချက် စာတမ်းတစောင်ကို ဇွန်လ ၁၇ ရက်နေ့က စတင်ဖြန့်ဝေလိုက်ပါတယ်။

စာတမ်းပါ အချက်အလက်နဲ့ ပတ်သက်ပြီး ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး  ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲပါ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအလုပ်ရုံ ဆွေးနွေးပွဲကို မြစ်ကြီးနား၊ မြစ်ဆုံ၊ အင်းတော်ကြီး၊ ဖားကန့်၊ ပူတာအို၊ ဗန်းမော်၊ ဟူးကောင်း၊ တနိုင်း၊ မိုးညှင်း အစရှိတဲ့ဒေသက အကြီးစားစီမံကိန်းဒေသနေ  ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013