DVB Logo
Home
မြန်မာသတင်း
လာမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းများ ကိုယ်တိုင်မဲပေးနိုင်ရန် ဆောင်ရွက်ပေးမည်
DVB
·
June 18, 2015
လာမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းများ ကိုယ်တိုင်မဲပေးနိုင်ရန် ဆောင်ရွက်ပေးမည်
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ မျက်မမြင်တွေကိုယ်တိုင် ဆန္ဒမဲပေးနိုင်အောင် စီစဉ်ပေးမှာဖြစ်သလို တခြား မသန်စွမ်းတွေအတွက်လည်း အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့  ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ မဲပေးရေး အစီအစဉ်တွေမှာ မသန်စွမ်းသူတွေ ပိုမိုပါဝင်ခွင့် ရရှိလာရေး ဆွေးနွေးပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောကြားလိုက်တာပါ။

"ဒီကိုရောက်တဲ့အခါ ဆွေးနွေးကြည့်တော့ Template နဲ့ ပေးမယ်ဆိုရင်တော့ တော်တော် အဆင်ပြေပါတယ်။ မဲလက်မှတ်ပေါ်မှာ Template တွေ ထပ်လိုက်ပါမယ်။ ဒါလေးကို စမ်းကြည့်လိုက်ရင် ဘယ်သူဆိုတာ တွေ့ပါမယ်။ ဘယ်ပါတီဆိုတာ တွေ့ပါမယ်။ လိုဂို တွေ့ပါမယ်။ မဲလက်မှတ်တွေကို ကြိုမရပေမယ့် အချက်အလက်တွေကိုတော့ ကြိုရအောင် ရနိုင်တဲ့နည်းနဲ့ လုပ်ပေးပါ့မယ်။" လို့ ဦးတင်အေးက ပြောပါတယ်။

မဲရုံအတွင်း သွားလာရေး အဆင်ပြေအောင် လုပ်ပေးဖို့ရှိသလို မဲပုံးတွေမှာလည်း မျက်မမြင်စာတွေ ကပ်ပေးထားမှာပါ။ နောက်ပြီးတော့ နားမကြားဘာသာပြန်ပေးတဲ့ အခြေခံ လက်ပြဘာသာနဲ့ ပတ်သက်ပြီး ဗွီဒီယိုတွေပြဖို့ ဆိုရင်လည်း အကူအညီပေးမယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။

"နောက်ပြီး ကြည့်မြင်တိုင်၊ ပြင်ဦးလွင်၊ စစ်ကိုင်းမှာ စံပြမဲရုံတွေ လုပ်ပေးပါ့မယ်။ မဲစာရင်းကောက်ကတည်းက မသန်စွမ်းတဲ့ ပုဂ္ဂိုလ်တွေ ဘယ်နှယောက်ရှိသလဲ၊ ဘယ်လို အခြေအနေ ရှိသလဲ၊ သွားချင်လည်း သွားလို့ရအောင်၊ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတဲ့အတွက်ကြောင့်၊ နည်းလို့ရှိရင်တော့ ရောပြီး ပေးရပါမယ်။ နည်းနည်းများရင်တော့ သီးသန့်၊ သိပ်များရင်တော့ စံပြမဲရုံ အစရှိသဖြင့် ကျနော် လုပ်ပေးပါ့မယ်။" လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ မျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က "အရင်တုန်းကရော ခုထိရော ကျနော်တို့ကို ဥပဒေအရ အခွင့်အရေးပေးထားတာက လိုအပ်ရင် အကူပေါ့။ အကူခေါ်ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီအကူက ဘယ်လောက်အပြည့်အ၀ ယုံလို့ရမလဲ စဉ်းစားစရာ ဖြစ်ပါတယ်။ ကျနော်တို့ မိဘဖြစ်ရင်လည်း ကျနော့် အဖေကြိုက်တဲ့ပါတီ၊ အမေကကြိုက်တဲ့ပါတီက တမျိုး၊ ကျနော်က တမျိုး။ ကျနော်က မမြင်ဘူးဆိုတော့ ကျနော်ပေးချင်တဲ့ပါတီကို ပြောလိုက်တော့ အဖေက သူပေးချင်တဲ့ ပါတီပေးလိုက်ရင် ကျနော် ဘယ်လိုမှ မသိနိုင်ဘူး။ ဒါကြောင့် ကိုယ်တိုင် ကိုယ့်ရဲ့ စိတ်ကြိုက်ပါတီကို ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်လက် ကိုယ်သုံး၊ ကိုယ့်နှလုံးသား၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်တိုင်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။" လို့ ပြောပါတယ်။

ထုတ်ပြန်လိုက်တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်မှာ မသန်စွမ်းသူ ၂၄ သိန်းလောက်ရှိနေပြီး အမြင်အာရုံမသန်စွမ်းသူက အများစု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013