DVB Logo
Home
မြန်မာသတင်း
လှေစီးဒုက္ခသည် ၃၇ ဦး ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးမည့်ရက် ရွှေ့ဆိုင်း
DVB
·
June 17, 2015
လှေစီးဒုက္ခသည် ၃၇ ဦး ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးမည့်ရက် ရွှေ့ဆိုင်း
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည် ၃၇ ဦးကို ဒီကနေ့ ပို့ဆောင်နိုင်ခြင်းမရှိပဲ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်လွှဲပြောင်း ပို့ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။

အစောပိုင်းက ဇွန်လ ၁၇ ရက်နေ့မှာ လွှဲပြောင်းဖို့ စီစဉ်ထားခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် ဇွန်လ ၁၉ ရက်နေ့ကို ရွှေ့လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့ပို့မှာကတော့ ၃၇ ယောက်၊ ဒါပေမယ့် မပို့ဖြစ်သေးဘူး။ မပို့ဖြစ်သေးဘူးဆိုတာက ရာသီဥတု အခြေအနေကြောင့်လေ။ ဟိုဘက်ကနေပြီးတော့ လက်ခံလို့မရဘူး။ ကျနော်တို့ ၁၉ ရက်နေ့ကျရင် ပို့ပါမယ်။”

မြန်မာရေတပ်က မောင်တောအနီး စက်လှေတစီးပေါ်မှာ တွေ့ရှိရတဲ့ လှေစီးဒုက္ခသည် ၂၀၀ ကို သက်ဆိုင်ရာက စိစစ်တွေ့ရှိချက်အရ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့တာဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို ပထမ အသုတ်အဖြစ် ပြန်လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း ဖျာပုံမှာ ဖမ်းမိခဲ့တဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကိုလည်း စိစစ်မှုတွေပြုလုပ်ပြီးစီးခဲ့ပြီး အဲဒီထဲက ၁၈၀ ကျော်ဟာ မြန်မာနိုင်ငံက ဘင်္ဂါလီတွေဖြစ်တဲ့ အတွက် သူတို့နေထိုင်ရာရွာတွေကို ပို့ဆောင်ပြီးဖြစ်တယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူက ပြောပါတယ်။

ကျန်သူတွေကိုတော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တဲ့အတွက် ညှိနှိုင်းပို့ဆောင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြန်လွှဲပေးမှာ။ လွှဲပေးဖို့အတွက်ကို ဘင်္ဂလားဒေ့ရှ်သံရုံးကနေပြီးတော့ ကောင်စစ်လုပ်ငန်းတွေ ဆောင်ရွက်ပြီးပါပြီ။ သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ၊ နေရပ်လိပ်စာတွေ ဒါတွေမေးမြန်းပြီးတော့ ဘင်္ဂလားဒေ့ရှိနိုင်ငံမှာ အတည်ပြုပြီးတာနဲ့ ပထမ ၂၀၀ လိုပဲ သူတို့ ပြီးတော့ လက်ခံသွားမှာဖြစ်ပါတယ်”လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာ လူ ၂၀၈ ဦးလိုက်ပါလာတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က တွေ့ရှိကယ်ဆယ်ခဲ့သလို မေလ ၂၉ ရက်နေ့မှာလည်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းမှာ လှေစီးဒုက္ခသည် ဘင်္ဂါလီ လူမျိုး ၇၀၀ ကျော် လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။

သူတို့တွေကို လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နီးတဲ့ တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီနေရာ ချထားပေးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013