DVB Logo
Home
မြန်မာသတင်း
မားစ်ရောဂါဖြစ်ပွားသည့်နိုင်ငံက ပြန်လာပြီး ဖျားနာသူများ သတင်းပို့ရမည်
DVB
·
June 17, 2015
မားစ်ရောဂါဖြစ်ပွားသည့်နိုင်ငံက ပြန်လာပြီး ဖျားနာသူများ သတင်းပို့ရမည်
Donate to DVB

အသက်ရှူလမ်းကြောင်းဆိုင်ရာ မားစ်ကူးစက်မြန်ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ပြန်လာပြီး သီတင်း ၂ ပတ်အတွင်း ရောဂါသံသယ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူဖို့  ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၁၆၀ ကျော် မားစ်ရောဂါ ကူးစက်ခံနေရပြီး ၂၀ လောက် သေဆုံးသွားချိန်မှာ ဒီရောဂါနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်ကို  အစိုးရ ကျန်းမာရေးဌာနက  ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်မှာတော့ “ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံမှာ နေထိုင်စဉ် (သို့) ရောဂါဖြစ်ပွားတဲ့ နိုင်ငံက မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ၁၄ ရက်အတွင်း ဖျားနာ၊ ချောင်းဆိုး၊ နှာရည်ယို၊ အသက်ရှူမ၀ ခက်ခဲတာနဲ့ ၀မ်းလျှောတာ၊ အန်တာ စတဲ့ သံသယ လက္ခဏာတွေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊  ကျန်းမာရေးဌာနတွေကို ချက်ချင်း သတင်းပို့ပြီး ဆေးကုသမှုခံယူကြဖို့” တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် နာတာရှည်ရောဂါတခုခု ခံစားနေရသူတွေအနေနဲ့ ရောဂါဖြစ်ရာဒေသကို ခရီးမထွက်ခင် ဆရာဝန်နဲ့ ဆေးကုသမှုခံယူဖို့၊ ချောင်းဆိုးနှာချေစဉ် ပါးစပ်ကို လက်ကိုင်ပ၀ါ တစ်သျူး စတာတွေနဲ့ ဖုံးအုပ်ထားဖို့၊ လက်ကို ရေ၊ ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောဖို့၊ အစား အစာကို သေချာစွာ ချက်ပြုတ်စားဖို့၊ ကုလားအုပ်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို မထိတွေ့ဖို့လည်း အကြံပြုထားပါတယ်။

ရောဂါကူးစက်ခံရပါက ဖျားနာ၊ ချောင်းဆိုး၊ နှာရည်ယို၊ အသက်ရှူခက်၊ ၀မ်းလျှောတာ၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပြီး ရောဂါဖြစ်ပွားသူတွေရဲ့ ၃၆ ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်တယ်လို့လည်း ဆိုပါတယ်။

အစိုးရကတော့ ရောဂါကာကွယ်တားဆီးရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဂိတ်တွေ အပါအ၀င် နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေမှာ ရောဂါ စောင့်ကြပ်ကြည့်ရှု လုပ်ငန်းတွေနဲ့ ပညာပေးလုပ်ငန်းတွေကို ခုလဆန်းကတည်းက ဆောင်ရွက်နေပါတယ်။

မားစ်ရောဂါဟာ အရှေ့အလယ်ပိုင်းဒေသဖြစ်တဲ့ ဆော်ဒီနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက် အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မလေးရှား အပါအ၀င် နိုင်ငံပေါင်း  ၂၅ နိုင်ငံမှာ ကူးစက် ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013