DVB Logo
Home
အားကစား
အသက် ၉၀ ကျော် ဂျပန်အဘိုးအို ကာယဗလမောင်ပြိုင်ပွဲဝင် 
DVB
·
November 1, 2026
Photo: REUTERS/Albert Gea
Photo: REUTERS/Albert Gea
Donate to DVB

ဂျပန်နိုင်ငံသား အသက် ၉၀ အရွယ် တိုရှိဆုကဲ ကာနဇာဝါဟာ စပိန်နိုင်ငံ၊ ကိုစ်တာဒဲလ် မာရက်ဇ်မဲ ဒေသရှိ ဆန်တာဆူဇန်နာမြို့မှာ အောက်တိုဘာ ၃၀ ရက်က ကျင်းပခဲ့တဲ့ အသက် ၅၀ နဲ့ အထက် မာစတာတန်း ကာယဗလပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

စင်နောက်ကွယ်မှာတော့ ဒီအသက် ၉၀ အရွယ် ကာယဗလမောင်ဟာ တခြားငယ်ရွယ်တဲ့ ပြိုင်ဘက်တွေနည်းတူ အသင်းနဲ့အတူ လေ့ကျင့်ခန်းလုပ်၊ စင်ပေါ်မတက်ခင် အသားအရေအရောင် ညိုမည်း လှပအောင် စပရေး ဖျန်းပြီး ပြင်ဆင်ခဲ့ပါတယ်။

ကာနဇာဝါက သူ့အနေနဲ့ သူတပါး မလုပ်ဖူးသေးတာတွေကို စိန်ခေါ်လုပ်ဆောင်ချင်ပြီး ဘဝတလျှောက်လုံး ကာယဗလ အားကစားကိုပဲ ဆက်လက်စွဲမြဲ လိုက်စားသွားချင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထာဝရ မလုပ်နိုင်တာကြောင့် အသက် ၉၃ နှစ်အရွယ်မှာ နောက်ဆုံးတကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီးရင်တော့ အနားယူဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။

အသက်ကြီးလာတဲ့အခါ အသားအရေမှာ အရေးအကြောင်းတွေ အများကြီး ပေါ်လာတတ်ပြီး ဂျပန်မှာတော့ အရေပြား အရေးအကြောင်းတွေနဲ့ စင်ပေါ်တက်ရတာ ကြည့်လို့ သိပ်မလှဘူးလို့ ယူဆကြကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အသက်အရွယ်ဆိုတာ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အဟန့်အတား မဟုတ်ဘူးဆိုတာကို သက်သေပြချင်တဲ့ ကာနဇာဝါက သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်ရှည် နေရခြင်းရဲ့ လျှို့ဝှက်ချက်မှာ ဆန်လုံးညို၊ ဂျပန်ရိုးရာပဲပုပ်စေ့ကို အချဉ်ဖောက်ထားတဲ့ နတ်တိုဟင်းနဲ့ မီဆိုဟင်းချိုတို့ ပါဝင်တဲ့ ရိုးရာ ဂျပန်အစားအစာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူဟာ အသက် ၅၀ အရွယ်ကတည်းက ဒီလို ရိုးရာအစားအစာတွေကို သီးသန့်စားသုံးပြီး ကြွက်သား တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ အဲဒီလို စားသောက်ခဲ့တာကြောင့်လည်း အသက် ၉၀ အရွယ်အထိ ဆယ်စုနှစ်ချီ ရောဂါဘယ ကင်းဝေးခဲ့ရတာလို့ ပြောပါတယ်။

အခုပြိုင်ပွဲမှာ သူဟာ စင်မြင့်ပေါ်မှာ ဆုတံဆိပ် မဆွတ်ခူးနိုင်ခဲ့ပေမဲ့ ဒီအသက် ၉၀ အရွယ်အဘိုးဟာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ဂုဏ်ယူနေဆဲဖြစ်ပါတယ်။

တခုခုကို ဆုံးဖြတ်လိုက်ရင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်နိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု မွေးမြူထားရမှာဖြစ်ပြီး၊ အသက်ကြီးလာတဲ့တိုင်အောင် တခြားသူတွေကိုလည်း တက်တက်ကြွကြွနေဖို့၊ ကြိုးစားအားထုတ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်လက် စိန်ခေါ်သွားကြဖို့ စံပြကောင်းတယောက်အနေနဲ့ ခွန်အားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013