DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ကြိုးပမ်းမှုတိုင်း ထောက်ခံဟု အိန္ဒိယပြော
DVB
·
September 2, 2026
Photo: Sputnik/Pyotr Kovalyov/Pool via REUTERS
Photo: Sputnik/Pyotr Kovalyov/Pool via REUTERS
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်းကို ထောက်ခံတယ်လို့ ရုရှားသမ္မတ ပူတင်ကို သြဂုတ် ၃၁ ရက်မှာ ပြောပါတယ်။

မိုဒီက “ကျနော်တို့ဟာ အဆုံးမဲ့စစ်ပွဲကနေ စစ်ပွဲပြီးဆုံးခြင်း၊ ရန်လိုမှုတွေ ရပ်တန့်ခြင်းဆီ ရွေ့လျားဖို့ လိုတယ်။ ဒါက ကျနော်တို့ ရွေ့လျားရမဲ့ ဦးတည်ချက် အတိအကျ ဖြစ်တယ်၊ လူသားအားလုံးအတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။ 

မိုဒီနဲ့ ပူတင်တို့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်မှာ တွေ့ဆုံခဲ့ကြတာပါ။ 

SCO ဟာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်နဲ့ အလယ်အာရှနိုင်ငံတွေပါတဲ့ ဒေသတွင်း အုပ်စုတခု ဖြစ်ပါတယ်။ ကာဂျစ္စတန်မှာ ကျင်းပတဲ့ SCO ထိပ်သီးအစည်းအဝေးဟာ အဖွဲ့အစည်းရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013