DVB Logo
Home
မြန်မာသတင်း
အသေးစား၊ အလတ်စား လုပ်ငန်းများအား ငွေပိုချေးနိုင်ရေး ပြည်တွင်းဘဏ်များ ဆွေးနွေး
DVB
·
June 16, 2015
အသေးစား၊ အလတ်စား လုပ်ငန်းများအား ငွေပိုချေးနိုင်ရေး ပြည်တွင်းဘဏ်များ ဆွေးနွေး
Donate to DVB

အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ငွေပိုချေးနိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေရဲ့ ၄ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက်နေ့က စတင်လိုက်ပါတယ်။

ဒီလုပ်ငန်းတွေကို ငွေချေးရာမှာ ဆုံးရှုံးနိုင်မှု အလားအလာကို စီမံခန့်ခွဲနိုင်မှု အရည်အသွေး တိုးမြင့်လာရေး ဘဏ်တွေရဲ့ စီမံမှုဆိုင်ရာ ၀န်ထမ်းတွေ တက်ရောက် ဆွေးနွေးနေတာပါ။

အာရှဖွံ့ဖြိုးရေးဘဏ် ဒု-ဥက္ကဋ္ဌ သီယာရီဒီလောင်မာက “ခိုင်မာတဲ့ ဆုံးရှုံးနိုင်ခြေ အလားအလာ စီမံခန့်ခွဲနိုင်မှုရှိရင် ဘဏ်တွေအနေနဲ့ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုပေးအပ်နိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ ကုမ္ပဏီစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး စုစုပေါင်း ၀န်ထမ်းခန့်ထားမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းတွေဟာ မြန်မာနိုင်ငံ ပုဂ္ဂလိက ကဏ္ဍအတွက် အဓိက ကျောရိုးဖြစ်ပေမယ့် ချေးငွေဆိုင်ရာ သတ်မှတ်ချက်တွေ တင်းကျပ်လို့ အခက်အခဲ ကြုံရတယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013