DVB Logo
Home
မြန်မာသတင်း
အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီး တရားရုံးသွားသော်လည်း တရားသူကြီး ရောက်မလာ
DVB
·
June 15, 2015
အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီး တရားရုံးသွားသော်လည်း တရားသူကြီး ရောက်မလာ
Donate to DVB

သိမ်းဆည်းခံ ကလေးကစားကွင်းနေရာ ပြန်ရရေး ဆန္ဒပြခဲ့တာကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး အပါအ၀င် ၅ ဦးကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ တရားစွဲဖို့အတွက် ရဲက ဆင့်ခေါ်လိုက်ပါတယ်။

ဇွန် ၁၅ ရက်နေ့မနက် တရားရုံးကို ရောက်သွားချိန်မှာ တရားသူကြီး မလာတဲ့အတွက် ပြန်လာခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးအဖွဲ့ဝင်တဦးက  ပြောပါတယ်။

“ကိုကိုကြီးအပါအ၀င် တရားစွဲဆိုခံထားရတဲ့ ၅ ယောက် တောင်ဥက္ကလာ တရားရုံးကို ၁၀ နာရီ အတိရောက်ပါတယ်။ ၁၀ နာရီမှာ တရားသူကြီးရှိသလားလို့ မေးတဲ့အခါ တရားသူကြီး မရှိပါဘူး။ နောက်ပြီးတော့ အမှုစွဲဆိုတဲ့ စခန်းမှူးလည်း မရှိပါဘူး။ မရှိတဲ့အတွက် စခန်းမှူးကို သွားခေါ်တဲ့အခါကျတော့ စခန်းမှူးက ခဏနေ ရောက်လာပါတယ်။ ရောက်လာပြီးတော့ စခန်းမှူးက ကျနော်တို့ တရားရုံးကို ပြောထားတာဖြစ်တဲ့အတွက် တရားရုံးနဲ့ပဲ သက်ဆိုင်ပါတယ် ဆိုပြီးတော့ လုပ်ထားတယ်။ ဒါပေမယ့် တရားသူကြီးလည်းမရှိဘူး။ မြို့နယ်တရားသူကြီးလည်း မရှိဘူး။ ဆိုတော့ ကျနော်တို့ ဘယ်တရားရုံးကို ဘယ်လိုသွားရမှန်း မသိတဲ့အတွက် ကျနော်တို့ ပြန်လာတာတာပါ။”

တရားစွဲဆိုခံရသူတွေကတော့ ဦးကိုကိုကြီး၊ ကိုနိုင်လင်း၊ ဒေါက်တာစောနိုင်၊ ဦးအောင်မော် (ခ) ဦးစစ်အောင်၊ ဦးမျိုးခင် (ခ) မုန်းခက်တို့ဖြစ်ပြီး သူတို့အားလုံးဟာ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွေက ဖြစ်ပါတယ်။

သူတို့တွေဟာ တောင်ဥက္ကလာပမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ ကလေးကစားကွင်းကို ပြန်လည်ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြောင့် အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်မှာရှိတဲ့ ကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီက သိမ်းပြီး တိုက်ခန်းဆောက်လုပ်တဲ့အပေါ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဦးကိုကိုကြီးဟာ နယ်ခံတွေနဲ့အတူ ဆန္ဒပြရာမှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

အမှုကို တရားရုံးတင်မယ်ဆိုရင်လည်း အာမခံယူမှာ မဟုတ်ဘူးလို့ ဦးကိုကိုကြီးက မီဒီယာတွေကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013