DVB Logo
Home
မြန်မာသတင်း
ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး ၁၀ နိုင်ငံတွင်မြန်မာပါဝင်
DVB
·
June 15, 2015
Donate to DVB

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံက ဒုတိယ အဆိုးဆုံးနေရာက ဆက်လက်ပါဝင်နေတယ်လို့ ဂျာမနီအခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Germanwatch အဖွဲ့က ၂၀၁၅ ခုအတွက် ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု အန္တရာယ်ညွန်းကိန်း Global climate risk index 2015 မှာ ဖော်ပြထားတာပါ။

ဂျာမနီ စောင့်ကြည့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှု အများဆုံးနိုင်ငံက ဟွန်ဒူးရပ်စ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က အဆင့် ၄၊ ဗီယက်နမ်က အဆင့် ၆ နဲ့ ထိုင်းနိုင်ငံက အဆင့် ၉ မှာ ပါဝင်နေပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က “ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်နေရတယ်ဆိုတာကတော့ သူတို့ကြည့်တဲ့အချက်တွေက အားလုံးပေါ်ကနေ ခြုံပြီးတော့ ကြည့်တာပေါ့။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ထိခိုက်ရတဲ့ ပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေ တန်ဖိုးအနည်းအများ တခုထဲကို ကြည့်တာမဟုတ်ဘူးပေါ့။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အနည်းဆုံးတော့ ၂ ပိုင်းခွဲကြည့်တာပေါ့။ တပိုင်းက နိုင်ငံတနိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံရဖို့ အလားအလာ များသလား၊ နည်းသလား။ နံပါတ် ၂ ကြည့်တာကတော့ ဒီရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ထိုခိုက်မှုတွေကို ကာကွယ်ဖို့ အဲဒီနိုင်ငံတွေက ဘယ်လောက်ထိ အရန်သင့်ဖြစ်နေပြီ၊ အရန်သင့်ဖြစ်တယ်ဆိုတာ အားလုံးပါတယ်ပေါ့။ ဥပမာ အစိုးရအပိုင်း၊ ပြည်သူအပိုင်း၊ နောက်ပြီးတော့ အန်ဂျီအို၊ အိုင်အန်ဂျီအို၊ မီဒီယာ၊ အားလုံးရဲ့ အသိရှိနိုးကြားမှုတွေ ဘယ်လိုရှိလဲ။ အစိုးရက ဘာတွေလုပ်နေလဲ၊ ဒီလုပ်ငန်းအတွက် အစိုးရက ငွေကြေးရန်ပုံငွေ ဘယ်လောက်ချမှတ် သုံးစွဲနေလဲ၊ အားလုံးပေါ်ကခြုံပြီးတော့ တွက်တာပါ။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့မှု၊ ရေကြီးရေလျှံမှုနဲ့ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်မှု စတဲ့ သဘာဝ ဘေးအန္တရယ်တွေနဲ့ နှစ်စဉ်လိုလို ရင်ဆိုင်နေရတာဖြစ်ပြီး သစ်တောခုတ်ယူမှု၊ သယံဇာတ ဖြုန်းတီးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုဟာ ဆိုးရွားလာနေတာ လို့လည်း ပြည်တွင်းက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ထောက်ပြဝေဖန် နေကြတာပါ။

မြန်မာအစိုးရက တည်ဆောက်ဖို့ကြိုးစားနေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မြင့်တက်လာနိုင်မှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

မြန်မာနိုင်ငံက ၂၀၁၂ ခုနှစ်က စတင်ကာ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံး ၁၀ နိုင်ငံမှာ ဒုတိယချိတ်ခဲ့ပြီး အခုချိန်ထိ ၄ နှစ်ဆက်တိုက် ဒုတိယနေရာက တည်ရှိနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013