DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဂုဏ်ရည်ဆု ဖြိုးဖြိုးအောင်ကိုယ်စား မိသားစုဝင် လက်ခံရယူ
DVB
·
June 14, 2015
ပြည်သူ့ဂုဏ်ရည်ဆု ဖြိုးဖြိုးအောင်ကိုယ်စား မိသားစုဝင် လက်ခံရယူ
Donate to DVB

အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာကို ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ စုပေါင်းရွေးချယ် ချီးမြှင့်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သာယာဝတီထောင် အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဖြိုးဖြိုးအောင်ရဲ့ ကိုယ်စား မိသားစုဝင်တွေက လက်ခံရယူခဲ့ပါတယ်။

မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ကြသူတွေ အတွက် ချီးမြှင့်နေတဲ့ ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် သာယာဝတီထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုးအောင် ရရှိခဲ့တာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ သောင်းနဲ့ ဂုဏ်ပြု ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။

ဒီဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ အချိန်မှာတော့ ဖြိုးဖြိုးအောင်ဟာ သာယာဝတီ အကျဉ်းထောင်အတွင်း ရောက်ရှိနေတာကြောင့် သူ့ကိုယ်စား သူ့ရဲ့ ဖခင်ဒေါက်တာနေဝင်းက တက်ရောက် ယူခဲ့ရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန် ပြည်ထောင်စုမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေက စုပေါင်းဖွဲ့စည်း ရွေးချယ် ချီးမြှင့်ပေးခဲ့တာ ဒီနှစ်နဲ့ဆို ၆ ကြိမ်မြောက် ရှိခဲ့ပါပြီ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) ရဲ့ အထွေထွေအတွင်းရေးမှူး ဖြိုးဖြိုးအောင်ဟာ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက်အောင်မြင်မှု၊ နိုင်ငံနဲ့ နိုင်ငံသားတို့အတွက် စံပြဖြစ်မှု၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် စွန့်လွှတ်လှုပ်ရှားတိုက်ပွဲဝင်ခဲ့မှု စတာတွေကြောင့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံခဲ့ရတာပါ။

ဒီဆုပေးပွဲအခမ်းအနားကို   နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ) က တာဝန်ရှိသူတွေ၊ ဗကသကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင် အထူးဆုရှင် အဖြစ် ရွေးချယ်ခံရတဲ့ ဒေါက်တာနန္ဒဝင်း (တန်ဖိုးသင့် ညစာ) နဲ့ ကိုဇော်ဇော် (အခမဲ့ စာကြည့်တိုက်) တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013