DVB Logo
Home
မြန်မာသတင်း
အာကာသအိပ်မက် အကောင်အထည်ဖော်မည်ဟု စစ်အာဏာရှင်ပြော
DVB
·
July 31, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာပြည်တွင်းမှာ အခြေခံကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေပြီး ပြည်သူတွေ ကြက်ဥတလုံး၊ လက်ဖက်ရည်တခွက် သောက်ဖို့အတွက် ချင့်ချိန်နေရချိန်မှာပဲ စစ်အာဏာရှင် မင်းအောင်လှိုင်က အာကာသအိပ်မက်ကို အကောင်အထည်ဖော်သွားမဲ့အကြောင်း ထပ်မံပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင် ၃၁ ရက်၊ စစ်အာဏာရှင်အစိုးရ သက်တမ်း ရက် ၁၀၀ ပြည့် စစ်အာဏာရှင် ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ပေါင်းပြီး မြန်မာနိုင်ငံပိုင် ဂြိုဟ်တုကို လွှတ်တင်သွားဖို့ စီစဉ်နေပြီး အာကာသယာဉ်မှူးလောင်းတွေကို ရုရှားနိုင်ငံနဲ့ ပူးပေါင်းလေ့ကျင့်ပေးနေကြောင်းနဲ့ မြန်မာနိုင်ငံသားတယောက် နိုင်ငံတကာ အာကာသစခန်းမှာ အလုပ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

အာကာသနည်းပညာဟာ အကုန်အကျများပြီး အချိန်ယူရပေမဲ့ အာကာသအိပ်မက်ကို အကောင်အထည်ဖော်သွားမယ်လို့ ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

တဖက်မှာလည်း ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကြောင့် မြန်မာနိုင်ငံက ဝင်ငွေနည်း မိသားစုတွေဟာ ထမင်းလျှော့စားတာနဲ့ ဖြေရှင်းနေကြရပါတယ်။

မြန်မာနိုင်ငံက အိမ်ထောင်စုတစုရဲ့ အခြေခံစားနပ်ရိက္ခာတွေ ပါဝင်တဲ့ ဈေးခြင်းတခြင်းရဲ့ ကုန်ကျစရိတ်ဟာ ကျပ် ၅၁,၁၈၇ ကျော်အထိ သုံးနေရပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဇွန်လမှာ ထုတ်ထားတဲ့ မြန်မာနိုင်ငံ ဈေးကွက်စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲဒီ အခြေခံ ဈေးခြင်းတောင်းထဲမှာ ဆန် တကီလိုဂရမ် ၂,၁၉၂ ကျပ်၊ စားအုန်းဆီ တလီတာ ၉,၄၅၈ ကျပ်၊ ကုလားပဲ တကီလိုဂရမ် ၆,၇၈၉ ကျပ်၊ ကျပ်ဥ ၁၀ လုံး ၆,၅၆၅ ကျပ်၊ ကြက်သွန်နီ တကီလိုဂရမ် ၄,၂၄၀ ကျပ်၊ ခရမ်းချဉ်သီး (၁ ကီလိုဂရမ်) ၅,၀၂၈ ကျပ်၊ ဆား (၁ ကီလိုဂရမ်) ၁,၈၉၀ ကျပ်တို့ ပါဝင်ပါတယ်။

အခုလို အခြေခံကုန်ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်ကာ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတာကို မျက်ကွယ်ပြုပြီး စစ်အာဏာရှင်ဟာ အကျိုးစီးပွားအတွက် အတ္တဆန်တဲ့ ကြိုးပမ်းမှုတွေကို လုပ်ဆောင်နေတာလို့လည်း ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ကိုရေဘဝဲက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013