DVB Logo
Home
Lead Story
စနစ်မကျသော မြန်မာ့ဘဏ်လုပ်ငန်းစနစ် အရင်အတိုင်း ဆက်ရှိနေဦးမည်
DVB
·
June 13, 2015
စနစ်မကျသော မြန်မာ့ဘဏ်လုပ်ငန်းစနစ် အရင်အတိုင်း ဆက်ရှိနေဦးမည်
Donate to DVB

ဘဏ္ဍာရေး ၀န်ဆောင်မှုကဏ္ဍမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ ကမ္ဘာ့နိုင်ငံတွေနဲ့ သီးခြား ကင်းလွတ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ အခြားသော ကမ္ဘာ့နိုင်ငံတွေနဲ့ အမီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒစ်ဂျစ်တယ် ခေတ်ပြေးလမ်းပေါ်ကို ၀င်ရောက်လာပြီးတော့ လျင်မြန်စွာ တရှိန်ထိုး တိုးတက်လာဖို့ မျှော်လင့်ထား တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ပြောလိုက်ပါတယ်။

ဘယ်နေရာကိုပဲကြည့်ကြည့် အနောက်ကမ္ဘာ့နိုင်ငံက ဘဏ်တွေဟာ ခုချိန်မှာတော့ သူတို့ရဲ့ ဘဏ်ခွဲအသီးသီးကို အလျင်အမြန် လျှော့ချပြီး သူတို့ရဲ့ပြည်တွင်းဈေးကွက်မှာ အွန်လိုင်းနဲ့ မိုဘိုင်းစနစ် ဘဏ်လုပ်ငန်းတွေ တိုးတက်လာစေဖို့ လုပ်ဆောင်နေကြပါပြီ။ အာဖရိကရဲ့ အကြီးမားဆုံး ဘဏ္ဍာရေးပြောင်းလဲမှုတွေထဲက တခုကတော့ ငွေပေးချေမှုစနစ်ကို တယ်လီကွန်း ကုမ္ပဏီတွေကတဆင့် လုပ်ဆောင်လာကြတာပါပဲ။ ခုချိန်မှာတော့ တချို့ လေ့လာဆန်းစစ်သူတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ပြောင်းလဲဆန်းသစ်လာမယ့် စီးပွားရေးနဲ့ မရှိမဖြစ် တဟုန်ထိုး ခုန်တက်လာမယ့် သမားရိုးကျ ဘဏ်လုပ်ငန်းတွေ ဘယ်လိုဖြစ်လာလိမ့်မလဲ ဆိုတာကို စောင့်ကြည့်နေကြပါပြီ။

“မိုဘိုင်းဘဏ်လုပ်ငန်းစနစ်တွေဟာ နှစ်ပေါင်း ၄၀ လောက်ကြာရင် တဖြည်းဖြည်း သေးငယ်သွားပါလိမ့်မယ်။” လို့ ဆူမီတိုမို မစ်ဆူအီ ဘဏ်လုပ်ငန်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဟီရိုရှီမင်နိုရာက ပြောပါတယ်။ မိုဘိုင်းဘဏ်လုပ်ငန်းစနစ်ကို ကျေးလက်ဒေသတွေထိ ထိုးဖောက်ဖို့ ဆိုရင်တော့ အဲဒီဒေသတွေမှာ သမားရိုးကျ ဘဏ်လုပ်ငန်းတွေက ခုချိန်ထိ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသေးတယ်လို့ သူက ဆက်ပြောပြတယ်။

တကမ္ဘာလုံးက မိုဘိုင်းဘဏ်လုပ်ငန်းတွေဟာ ကျေးလက်ဒေသက အသုံးပြုသူတွေကို မိုဘိုင်းငွေပေးချေမှုစနစ်ဆီရောက်ဖို့ ပစ်မှတ်ထား လုပ်ဆောင်နေကြပါတယ်။ ကင်ညာနိုင်ငံက အမ်ပီဆာ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုနဲ့ ချေးငွေလုပ်ငန်းဟာ အဲဒီ ကျေးလက်နေ ပြည်သူတွေဆီ ပစ်မှတ်ထား လုပ်ဆောင်ခဲ့ရာမှာ ငွေကြေးလည်ပတ်မှုအနေနဲ့ ဗြိတိန်နိုင်ငံ၊ ဗိုဒါဖုန်း ကုမ္ပဏီလုပ်ငန်းခွဲ ဆာဖာရီကွန်းရဲ့ ဂျီဒီပီ ၂၅ ရာခိုင်နှုန်းလောက်ထိ ရှိခဲ့ပါတယ်။

အဲဒီအောင်မြင်မှုကနေ တခြားသော မိုဘိုင်းဘဏ်လုပ်ငန်းစနစ် မဖွံ့ဖြိုးသေးတဲ့ တန်ဇန်းနီယားလို နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်လို နိုင်ငံတွေအထိ ဒါကို နမူနာယူ လုပ်ဆောင်ခဲ့ပြီးပါပြီ။

မြန်မာ့ထိပ်တန်း ငွေကြေးနဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ အခြေခံ မိုဘိုင်းဘဏ် လုပ်ငန်းစနစ်ကို စတင်ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် ကျေးလက်ဒေသတွေထိ ထိထိရောက်ရောက် ဖြစ်လာအောင် ဆွဲဆောင်နိုင်ဖို့ လိုနေပါသေးတယ်။

လက်ရှိအချိန် မြန်မာနိုင်ငံဟာ လူ ၁၀ ယောက်မှာ ၉ ယောက်က ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေ အသုံးမပြုနိုင်သေးခြင်း၊ လူ ၁ သိန်းရှိတဲ့ဒေသမှာ ဘဏ်ခွဲ ၂ ဒသမ ၅ သာရှိခြင်း၊ လူဦးရေစုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံဟာ မိုဘိုင်းစမတ်ဖုန်း အသုံးပြုနိုင်ခြင်း စတာတွေက ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေပြင်ပက ဘဏ်လုပ်ငန်းစနစ် မဖွံ့ဖြိုးတဲ့ နယ်စွန်နယ်ဖျား ဒေသဆိုင်ရာ ဈေးကွက်တွေမှာ တွေ့ရတဲ့ သွင်ပြင်လက္ခဏာတွေပါ။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီဖုန်းအော်ပရေတာကုမ္ပဏီ တယ်လီနောက နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်ရမယ့် ဗီဇာလို မိုဘိုင်းဝန်ဆောင်မှု လုပ်လို့ရမယ့် အစီအစဉ်တခုကို ဒီနှစ်အတွင်း ဈေးကွက်သစ်အတွက် လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး မြန်မာအစိုးရကတော့ အဲဒါကို နီးနီးကပ်ကပ် စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

တယ်လီကွန်းဈေးကွက်ချဲ့ထွင်ရေး ကျွမ်းကျင်သူတဦးဖြစ်တဲ့ မိုဟာမက်ချောင်ဂျူရီက “မြန်မာနိုင်ငံမှာ အဓိကလိုအပ်ချက်ကတော့ မိုဘိုင်းဘဏ္ဍာရေး ၀န်ဆောင်မှုကို မြှင့်တင်ဖို့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဝန်းကျင်တွေ ရဖို့ပါ။ ဒါက ဘာကိုဆိုလိုတာလဲဆိုရင် ဘဏ်တွေနဲ့ တယ်လီကွန်း ကုမ္ပဏီတွေကြားမှာ တိကျတဲ့ မျှတမှန်ကန်မှုတွေ ရှိရမယ်။ ဒါတွေက တယ်လီကွန်း ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ တခြားဝန်ဆောင်မှု လုပ်ငန်းတွေအကြား ဆန်းသစ်တီထွင်မှုတွေ လုပ်လာနိုင်ဖို့ တွန်းအားပေးနိုင်ဖို့ ဖြစ်တယ်။ ဒါကို အောင်မြင်အောင်လုပ်နိုင်မယ့် နိုင်ငံတွေဟာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ လူမှုရေး အကျိုးသက်ရောက်မှုတွေဆီ ရောက်ရှိလာနိုင်ပါလိမ့်မယ်။” လို့ ပြောပါတယ်။

ကိုးကား။  ။ (http://asia.nikkei.com ပါ ဆောင်းပါးရှင် ဆဲရာပါရီးယားရေးသားသည့် အာရှမိုဘိုင်းသုံးသပ်ချက် သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013